အရမ်းလှတယ်ဗျာ မောင်းကြီးကတော့ အရှေ.ဘက်မုဒ်မှာရှိတာ…        အရမ်းကို သပ်ပယ်ပါတယ်ဗျာ.. မီးရောင်စုံနဲ.                      စနေထောင့်က ဂဝန်ကျောက်နဲ.လုပ်ထားတဲ့ ထီးတော် ပါ…   ဒါကတော့ စနေထောင့်မှာ ရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေ စုဝေးရာနေရာပေါ့


ကျွန်တော်ရုံးကပြန်တော့ MRTV-4 မှာ သတင်းလာတာ ရွှေတိဂုံဘုရား နှစ် ၂၆၀ဝ ပြည့်ပွဲတော် ဖွင့်ပွဲဆိုတော့.. ကိုယ်လဲ ကမန်းကတမ်း ထမင်းစားပြီး ကင်မရာ ဆွဲပြေးရတာပေါ့ဗျာ တော်ကြာ သူများဦးသွားမှာစိုးလို. ဟိဟိ….. ရနာရီကနေသွားလိုက် တာ ၉နာရီခွဲ အထိ မန်မိုရီကုန်တဲအထိလျှောက်ရိုက်ပါတယ်….. ဒါကတော့ အနောက်ဘက်မုဒ်ပါ မြောက်ဘက်နဲ. အရှေ.ဘက်က ပိတ်ထားလို.လေ လူတွေကိုအများကြီးပဲဗျာ ဘုရားဖူးလာကျတာ ကျွန်တော်လဲ လေးပေါက်တို. ကိုလုတို. ကိုစိန်သောတို.ကို အတုခိုးပြီး ဝမ်းယားထိုးမှောက်ခုံ အကုန်ရိုက်လာခဲ့တယ် ဟေဟေ      မီးရောင်စုံနဲ.ပူဇော်ထားတာ အရမ်းကိုကြည့်ညိုဖို.ကောင်းပါတယ်.. အရမ်းလဲလှတယ်ဗျ..   အဲဒီလို ပန်းပင်အစစ်တွေနဲ. စေတီတော်ပတ်ပတ်လည်ကိုလဲ ပူဇော်ထားသေးတယ်လေ… ပန်းတွေက လဲ အရောင်အသွေးမျိုးစုံပါပဲဗျာ..    အောက်က လမ်းပတ်ပတ်လည်မှာလဲ ပွဲဈေးတန်းတွေအများကြီး အရှေ.ဘက်မုဒ်မှာဆို ခြင်းလုံးပွဲ။ […]