သုရွင္January 9, 20131min41868
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသော နိုင်ငံတစ်ခုဖြစ်ပါသည်။ မျိုးမတူကွဲပြားသော ဓလေ့ထုံးစံများ ယဉ်ကျေးမှုအစဉ်အလာများကို လိုက်လျောညီထွေဖြစ်အောင် ညှိပြီးနေထိုင်နေကြသော တိုင်းပြည်တစ်ခုပင်ဖြစ်ပါသည်။ တိုင်းရင်းသားတို့ သည် များသောအားဖြင့် နယ်စပ်ဒေသများ ၊ပြည်နယ်များ တွင် အခြေချနေထိုင်နေကြပေသည်။ လူမျိုးရေးခွဲခြားမှု ( Discrimination ) သည် လွန်စွာမှ အကဲဆတ်သော ၊ ကြောက်မက်ဖွယ်ကောင်းသော အန ္တရာယ် ပေါင်းစုံတို့၏ မြစ်ဖျားခံရာ ပြဿနာဖြစ်သည်ကို မူ ကမ ္ဘာကလက်ခံထားပြီဖြစ်ပါသည်။ လူဖြူ-လူမည်း ပြဿနာ၊ ကျွန်-သခင် ပြဿနာ၊ အရှေ ့တိုင်းသား- အနောက်တိုင်းသား ပြဿနာ ၊ ဘာသာ အယူဝါ ဒ ကွဲပြားခြင်းပြဿနာ စသည်တို့သည် ယနေ့ထိတိုင် အောင် ပြေလည်အောင်မဖြေရှင်းနိုင်သေးသော ပြဿများပင်းဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံတွင်မူ လူသားတိုင်းတန်းတူအခွင့်အရေးရနေသည်လော […]