etoneMay 7, 20111min21223
MG ရဲ ့HIV/AIDS ကုပေးသော ဆရာတော်နှင့် တွေ့ဆုံခြင်း ပို့စ်ကို ဖတ်လိုက်ရပါတယ်… ။ကော့မန့်ရေးစဉ်ကတည်းက မဖြစ်နိုင်ဘူးလို့ ယူဆခဲ့တာမို့ အနည်းငယ်မျှ ဆွေးနွေးလိုပါတယ်…။ အမှန်တိုင်းပြောရလျှင် HIV/ AIDS ပျောက်အောင် ကုနိုင်တယ်ဆိုတာ လုံးဝမယုံပါဘူး ။ ကျော်အောင် ညာတာပဲဖြစ်ပါလိမ့်မယ် … အနောက်တိုင်းဆေးတွေမှာတောင် လုံလောက်အောင် ဈေးကွက်ထဲ ချမပြနိုင်သေးဘူး ။ ကျမတွေ့ဖူးပါတယ်… လို့ရေးခဲ့ဖူးပါတယ်…။ … ကြုံခဲ့ဖူးပါတယ် ညနေခင်းတစ်ခုမှာပေါ့ …… ကျမတို့ ဆေးခန်းကို သားအမိနှစ်ယောက် ထိုးဆေးပုလင်းဗူးလေးကိုင်ပြီး ရောက်လာတယ်… တောင်ကြည့် မြောက်ကြည့်နဲ့ … ပထမဆုံး စကားပြောတဲ့စကားက ဆေးထိုးပေးလားတဲ့… ။ ဆေးခန်းလာပြီး ဆေးထိုးပေးလားမေးတော့ ကျမက ဆေးခန်းက ဆေးကု၊ ဆေးမထိုးလို့ အလှပြဖို့ ဖွင့်ထားတာလားလို့ … […]