စာမရေးဖြစ်၊မဖတ်ဖြစ်တာ နည်းနည်းကြာတော့ Mandalay Gazette နဲ ့စိမ်းသလို လိုဖြစ်သွားတယ်။ဒီနေ ့တွေ ့ရ၊မြင်ရကြားရ တာလေးတစ်ခုက စိတ်မချမ်းသာတာဖြစ်နေ တော့ ရေးချင်လာတော့ ဝင်ရေးဖြစ်ပါပီ။အားလုံးသော ညီအကိုမောင်နှမ၊ရွာသူရွာသားများ ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာခြင်းနဲ ့ပြည့်စုံကြစေဖို ့ရာ sweet December မှာ နှုတ်ခွန်းဆက်ပါရစေဗျား။ ယနေ ့ထိကျွန်တော်နဲ ့ထိတွေ ့နေရတဲ ့ပတ်ဝန်းကျင်တစ်ခုလုံးမှာ(အနီးစပ်ဆုံး မိမိမြို ့)ပညာရေးနဲ ့ပတ်သက်လို ့ပြောစရာတွေရှိလာပြန်ပါပီ။“ပညာရေးဖြင့် ခေတ်မှီဖွံ ့ဖြိုး တိုးတက်သောနိုင်ငံတော်တည်ဆောက်အံ့”ဆိုတဲ ့ဆိုင်းဘုတ် အစိမ်းအောက်ခံမှာ အဖြူရောင် စာလုံးနဲ ့ရေးထားတဲ့ ဘုတ်တွေကိုမြင်ဖူးတွေ ့ဖူးကြမှာပါ။ဆောင်ပုဒ်က သိပ်ကောင်းပါတယ်။ တကယ်တမ်းသာဖြစ်မယ်ဆိုရင် ဝမ်းသာစရာပါလား။ခက်နေတာက လဲဗျာ ကျွန်တော် တို ့နိုင်ငံက ဆောင်ပုဒ်တွေ၊အပြောတွေကောင်းပ၊ညွန် ့ပဆိုပေမယ့် အလုပ်ကတော့ သိပ်မတွင်လှပါဘူး။ ပညာရေးနဲ ့တည်ဆောက်ရမယ့်နိုင်ငံမှာ ဘယ်လိုဆရာမျိုးတွေက […]