ဟုတ်ကဲ့ ဒီပို့စ်ကို မရေးခင် ဦးစွာပြောထားချင်တာကတော့ ကျွန်တော်ဟာ စစ်တပ်အသိုင်းအဝိုင်းကလူတစ်ယောက်လဲ မဟုတ်သလို သံဃာအသိုင်းအဝိုင်းမှ လူတစ်ယောက်လဲ မဟုတ်ပါဘူး ဒီပို့စ်လေးကို ရေးရတဲ့ အကြောင်းကတော့ ကိုဘုန်းကျော်ရဲ့ ပြည်သူ့လွှတ်တော်မှာ ဘုန်းကြီးအရေအတွက်နဲ့ စစ်သားအရေအတွက် လျှော့ချဖို့ လုပ်သင့်ပြီ ဆိုတဲ့ပို့စ်မှာ သူကြီးကိုယ်တိုင်က အဲဒီလိုဖြစ်အောင် ဆိုင်သူတွကို ပြောပေးပါဦးဆိုတဲ့ စကားကြောင့်ပါ ကျွန်တော်အခုရေးမှာကတော့ ကျွန်တော့်ရဲ့အမြင် ၊ ကျွန်တော်ရဲ့ ယုံကြည်ချက် ၊ ကျွန်တော့်ရဲ့ အတွေးအခေါ်မျှသာဖြစ်တဲ့အတွက် မှားကောင်းမှားနိုင်ပါတယ် ဒီတစ်ကြိမ်နဲ့ဆို သူကြီးနဲ့ ကျွန်တော် စိတ်သဘောထား ၊ ယုံကြည်ချက်ချင်း မတူညီတာ နှစ်ခါရှိပြီထင်ပါတယ် ပထမတစ်ခါက ဆန်ရှင်တွေ မြန်မြန်ပြန်ဖွင့်ပေးအောင် ကြိုးစားကြစေလိုပါတယ် ဆိုတဲ့ပို့စ်မှာပါ အဲဒီပို့စ်မှာတုန်းကလဲ ဘာ့ကြောင့်ကြိုးစားကြစေလိုကြောင်းကို ကျွန်တော့်ရဲ့ သီးသန့်အမြင်နဲ့ အကြောင်းအချက်တွေ မြောက်မြားစွာဖြင့် ရေးသားခဲ့ပါတယ် အဲဒီလို […]