kaiFebruary 27, 20111min1555
အမိနိုင်ငံက ငါတို့ခွာ အမေရိကမှာ ငါတို့နေ တို့တတွေ ဘာလုပ်ကြမလဲ။ ဆင်းရဲနိမ့်ကျ၊ မျက်နှာပန်းမလှတဲ့ တို့ဘဝတို့မြေကို တို့တတွေ မြှင့်တင်ရမှာပဲ။ မလွတ်လပ်ရင် လွတ်လပ်အောင်လုပ် ခလုတ်ကန်သင်းတွေကို အငုတ်ရှင်းရမှာပဲ။ တကိုယ်ရေ ကောင်းစားမှုကို လစ်လျူရှုတန် ရှုရမယ်။ လူထုအကျိုး တနိုင်သယ်ပိုးရမယ်။ အမျိုးသားစိတ် အခြေခံနဲ့ မိခင်နိုင်ငံကို စောင့်ရှောက်ရမှာပဲ။ အစစပြည့်စုံတဲ့၊ သူတို့ဘုံ သူတို့နိုင်ငံမှာ စည်းစိမ်ခံလို့ ပြည်ပြန်လှရေး အတ္တအကျိုးငှာ၊ ငါတို့လာခြင်း မဟုတ်။ သူတို့ပညာ သူတို့စေတနာ ကမ္ဘာလူသားထုကို ဘယ်လိုများ အကျိုးပြုနိုင်သလဲ ဆည်းပူးမှု စုဆောင်းမှု မှတ်သားမှု၊ လေ့လာမှုတွေ ပြုခဲ့ပြီးနောက် ကိုယ့်နိုင်ငံထွန်းတောက်အောင် ဘယ်လောက်များလုပ်ပေးနိုင်သလဲ ဒီအတွေး ဒီအမြင်နဲ့ အသက်ရှင် နေထိုင်သင့်ပါတယ်။ ကမ္ဘာကြီးမှာ ငါတငါတည်း၊ သာယာစီးဖို့ မဟုတ်။ အချင်းချင်းကို ကူညီ […]