weiweiNovember 19, 20101min29632
တို့ဖူးလုပ်နည်းကိုတော့ တော်တော်များများသိပြီးသားဖြစ်မယ်ထင်ပါတယ်။ မသိသေးတဲ့သူတွေ သိရအောင်လို့ ဒီနေ့ တို့ဖူးကျိုတာကို ဓါတ်ပုံရိုက်ထားပြီး ဖော်ပြပေးလိုက်ပါတယ်။ လိုအပ်သောပစ္စည်းများ …. ပဲမှုန့် (မွှေး) တစ်ထုတ် … ရေနို့ဆီဗူး ၂ ဗူး … ဆား နဲ့ဆနွင်းအနည်းငယ် ပြုလုပ်ပုံအဆင့်ဆင့် .. လိုအပ်သောပစ္စည်းအားလုံးကို အိုးတစ်လုံးထဲတည့်ပြီး ပဲမှုန့်များ သမသည်အထိ ဖျော်ပေးရပါမယ်။ ထို့နောက် မီးဖိုပေါ်တင်ပြီး မီးအေးအေးနဲ့ မိနစ် ၂ဝ ခန့် မရပ်မနား ဆက်တိုက်မွှေပေးရပါမယ်။ ပြီးရင် အဆင့်ပြင်ထားတဲ့ ခွက်ထဲထည့်ပြီး အအေးခံလိုက်ရုံပါပဲ … တို့ဖူးသုတ်က အလွန်လွယ်ကူပြီး အာဟာရပြည့်ဝတဲ့ အစားအစာတစ်ခုဖြစ်ပါတယ် … မိသားစု ၄-၅ ယောက် မနက်စာ အဝစားနိုင်ပါတယ် … ဆိုင်မှာဝယ်စားတာထက် သန့်ပြန့်ပြီး ဈေးနှုန်းအများကြီး သက်သာလို့ […]