etoneNovember 16, 20101min1086
ပြန်ကြားရေးဝန်ကြီဌာနက ဖော်အဲဖားဂရု ကုမ္ပဏီနှင့် ရွှေသံလွှင် ကုမ္ပဏီတို့နှင့်ပူးပေါင်းကာ အခပေးရုပ်သံလိုင်း ငါးဆယ်ကျော်ကို လာမည့် ၂၀၁၁အတွင်းထုတ်လွှင့်ရန်ရှိကြောင်းသိရသည် ။ ဖော်အဲဖားဂရု ကုမ္ပဏီနှင့် အခပေးရုပ်သံလိုင်း ၂ဝခန့်ကိုလည်းကောင်း၊ ရွှေသံလွှင် ကုမ္ပဏီနှင့် အခပေးရုပ်သံလိုင်း ၃၈ခုခန့်ကိုလည်းကောင်း ပြသမှာဖြစ်ကြောင်းသိရသည်။ ရွှေသံလွင် ကုမ္ပဏီသည် အခမဲ့လိုင်းပေါင်း ၄လိုင်းကိုလည်း skynet ကွန်ရက်မှ ထုတ်လွှင့်မည်ဖြစ်ကြောင်းသိရပြီး ထိုအစီစဉ်ကို ရွှေအခပေးရုပ်သံလိုင်းဟုလည်း ခေါ်ကြောင်းသတင်းရရှိသည် ။ ယခုလက်ရှိထုတ်လွှင့်ပြသနေသော MRTV4 နှင့် MRTV3 သည် အဆိုပါ ကုမ္ပဏီနှစ်ခုနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ပြသခြင်းဖြစ်သည် ။