unclegyi1974March 13, 20111min740
ကျွန်တော်ဒီတခါပြောပြချင်တာ က ၅၁ အကြောင်းပါ ၅၁ ဆိုလို့၂လုံးပေါက်ဂဏန်းပေးတယ်ထင်ပြီးနက်ဖန် ပြေးထိုးလို့ကထိုးတဲ့သူတာဝန်နော် ဒါ၂လုံးဂဏန်းအကြောင်း မဟုတ်ပါဖူး ဒီရက်ပိုင်းရွာကလူတွေမန္တလေးစက်မှုဇုန်ကိုဆက်သွယ်ရန် အကြောင်းကိစ္စကြိီးငယ်ရှိလို့ဖုန်းဆက်ရင် ဖုန်းခေါ်သံ သံရှည် မည်သံကြားရပေမဲ့ဖုန်းခေါ်လို့ရမှာမဟုတ်ပါဖူး အကြောင်းကမန္တလေးစက်မှုဇုန်မှာတပ်ဆင်ပေးထားတဲ့ ၅ နံပါတ်နဲ့စတဲ့ဖုန်းတွေနံပါတ်တွေပြောင်းကုန်လို့ပါပဲ ပြောင်းတာက နဂိုလ်နံပါတ်ရဲ့အရှေ့မှာ ၅၁ ကိုထည့်ခေါ်မှ ခေါ်လို့ရမှာပါ အကြောင်းစုံ စုံစမ်းကြည့်လိုက်ရာ စက်မှုဇုန်တွင်ချထားပေးသောဖုန်းများ နံပါတ်ပြောင်းရန်ဖုန်းဖြင့်ဆက်သွယ်ပြောဆိုလာတယ်လို့ဆို ပါတယ် ဖုန်းပိုင်ရှင်များကိုဆက်သွယ်ရေးကရုံးသို့ခေါ်ယူပြီး ၁၅၀၀၀ဝ သွင်းခိုင်းကြောင်း ဘယ်နေ့တွင်ပြောင်းမည် ဘာနံပါတ်ပြောင်းမည်မပြောလိုက်ကြောင်း စက်မှုဖုန်းများခေါ်ဆို ို်မရ၍အချင်းချင်းပြောဆိုရာမှ နံပါတ်ပြောင်းသွားပြီဖြစ်ကြောင်း နဂိုလ်နံပါတ်ရှေ့မှ ၅၁ နံပါတ်ကိုအရင်ရိုက်ရကြောင်း ဥပမာ နဂိုလ်၅၀၀၀ဝ နံပါတ်ကိုရှေ့မှ၅၁ ခံ၍ ၅၁၅၀၀၀၀ ဟုခေါ်ဆိုမှရကြောင်း စက်မှုနယ်မြေမှလူများကဖုန်းနံပါတ်ပြောင်းရာပိုက်ဆံပေး ရ၍စိတ်မရှင်းဖြစ်ရကြောင်း ၈၀ဝ ဖုန်းများဝ၂ မှဝ၉ပြောင်းရာ ပိုက်ဆံလုံးဝမပေးရပဲစက်မှုဖုန်းများနံပါတ်ပြောင်းမှပိုက်ဆံ ၁၅၀၀၀ဝသွင်းရကြောင်း ပိုက်ဆံသွင်းရန်ရုံးသို့ဖုန်းခေါ်ပြီး လာခိုင်းကြောင်း နံပါတ်ပြောင်းပြီးစတင်သည့်နေ့ကျတော့ အဘယ်ကြောင့်ဖုန်းဖြင့်ပြန်လည်းအကြောင်းမကြားပေးသည် […]


The Mandalay GazetteNovember 9, 20101min671
ဪ…2011 တောင် ရောက်တော့မယ်..ရွှေမြန်မာတို့ရဲ့ ရွှေနိုင်ငံကြီးကတော့ ဇာတ်ခေါင်းကွဲနေတုန်းပါပဲလား…အချိန်နဲ့ အမျှ ပြောင်းလဲတိုးတတ်နေကြပါသည်…ဆိုသည့်စကား ရွှေမြန်မာတို့ နှင့် လုံးဝမသက်ဆိုင်သလို ဖြစ်နေကြပါသည်.. တဖြည်းဖြည်း ယိုယွင်းလာတဲ့ စာရိတ္တတွေ .. ရှားပါးလာသော အလုပ်အကိုင်တွေ ..သုံးရင် လွယ်သလောက် ရှာရင် နွားတစ်ကောင်လို့ ကုန်းရုံး ရှာနေရသော  ပို်က်ဆံ ဟုခေါ်သော ငွေ …ငတ်ပြတ်နေသော ကျွန်ုပ်တို့ ၏ မြန်မာ ပြည်သူ  ပြည်သားတွေ ပိုလို့သာ တိုးလာခဲ့ပါသည်… ချမ်းသာတဲ့ သူတွေ ပိုလို့ ချမ်းသာ လာကြပါသည်…ဆင်းရဲတဲ့ သူတွေ ပိုလို့ ဆင်းရဲ လာကြပါသည်…ပျင်းရိနေကြသဖြင့် ငတ်ပြတ်နေသည်ကို လက်ခံနိုင်ပါသည်…မပျင်းမရိ ကြိုးစား လုပ်ကိုင်ပါသော်လည်း လူတန်းစေ့ နေနိုင်ဖို့ ဝေးစွ…စားဖို့ သောက်ဖို့ ပင် မနည်း ဖြစ်နေတာ ကို […]


CharTooLanOctober 15, 20101min1337
စည်းလွတ်ဝါးလွတ်နဲ့ အာဏာမြဲဖို့အရေးလောက်သာ ဇောကပ်နေတဲ့ ကြံ့ဖွံ့ပါတီဝင်တွေကိုတော့ သိကြားမင်းက ဝမ်နင် (warning) ပေးလိုက်ပါပြီ။ ဖြစ်ပုံက ဒီလိုပါ။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ကြံ့ဖွံ့က စည်းရုံးရေးမှူး ၂ ယောက်နဲ့ လွှတ်တော် အမတ်လောင်း ၁ ယောက်တို့ မဲဝယ် (အဲလေ … ယောင်လို့) မဲဆွယ်ဖို့ ခရီးအသွားမှာ မိုးကြိုးပစ်ခံရလို့ပါပဲ။ သိကြားမင်းက အမြည်းသဘောနဲ့ တီးလိုက်တာဆိုတော့ သေတော့ မသေပါဘူးတဲ့။ ဒဏ်ရာတော့ အကြီးအကျယ် ရသွားပါသတဲ့။ (စက်ကွင်းမိသွားတဲ့ သဘောပေါ့) ပြီးခဲ့တဲ့ ၄ ရက်လောက်တုန်းက လဟာကြီးရွာကနေ စက်လှေနဲ့ ထွက်မလို့ ပြင်နေတုန်း မိုးကြိုးပစ်ခံရတာပါ။ စည်းရုံးရေးမှူး ဦးကျော်ဆွေလွင်ဆိုသူ ခေါင်းမှာ ဒဏ်ရာပြင်းထန်စွာ ရသွားပြီး အမတ်လောင်း ဦးဝေခိုင်နဲ့ စည်းရုံးရေးမှူး ဦးထွန်းသွေးတို့ကတော့ သတိလစ်သွားပါသတဲ့။ […]


cobraOctober 5, 20101min660
လိုအပ်တဲ့အခါ ပုခုံးမှီပြီး ငိုနိုင်မယ့် သူငယ်ချင်းတွေ များများ ရှိပါစေ > > “ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ” ဆိုတဲ့ မေးခွန်းကို > အဖြေ မမှန်မချင်း မေမေ မေးနေတတ်တယ်။ နှစ်တွေလည်း အတော် ကြာခဲ့ပါပြီ။ မေမေ > မေးလေ့ရှိတဲ့ မေးခွန်းကို ကျနော် ဖြေလိုက်တိုင်း မှားတယ်ချည်း > အပြောခံနေရတယ်။ > > ကျနော် ခပ်ငယ်ငယ်ကပေါ့။ လူသားတစ်ယောက်အနေနဲ့ အသံက သိပ်အရေးကြီးမယ်လို့ > ထင်ခဲ့တာ။ “မေမေ၊ ကျနော့် နားတွေက အရေးအကြီးဆုံး မဟုတ်လား” လို့ > အဖြေပေးခဲ့ဖူးတယ်။ မေမေက ပြန်ပြောတယ်။ > “မဟုတ်ဘူး သားရဲ့။ နားပင်းနေတဲ့ လူတွေ […]