thit minDecember 13, 20111min32017
သူက အကုန်လုံးရဲ့စာကို ဖတ်ညွန်းရေးနေသူ။ သူ့စာ သူပြန်ပြီး ညွန်း ရေးရအောင်ကလဲ ကြောင်တောင်တောင် ဆိုတော့။ အားလုံးမှာတာဝန်ရှိသလိုခံစားရတယ်။ အားလုံးဆိုတော့ သစ်မင်းလဲပါသည်ပေါ့။ ဤသို့ဤနှယ်တွေး၍ ရေးပါသည်။ တောင်တောင်အီအီတွေ မစဉ်းစားပါနဲ့။ ကြုံသူရေးလို့ရသည်လေ။ ကျနော် ဒီနေ့ကြုံလို့ကျနော် ရေးလိုက်ခြင်းသာဖြစ်ပါသည်လို့ ဂေဇက်နွယ်ဝင် သူတော်စင်အပေါင်းတို့ခင်ဗျား။ ~~~~~~~~~~~~~ သူ့လုပ်ပုံက လို့ရေးတာအကြောင်းရှိတယ်ဗျ။ သူက အမှတ်တမဲ့ကြည့်တော့ လူအေးလိုလိုဘာလိုလိုနဲ့ “ဖွ”ချက်တွေက အားကစားပွဲတွေက ချီးယားလီဒါဂဲလ်တွေရဲ့(Cheerleader) ပန်းပွါးတွေလို လှချက်ဗျာ။ လက်လန်တယ်။ ဒါ့ကြောင့် …….. “ပူရှိန်ညီးညီး မီး မှ လတ်လတ် သေစေ တတ်ဟု၊ မမှတ်စေရာ သီတာ ရေ လည်း၊ အသဲတုန်အေး မနှေး ဆတ်ဆတ် သေစေတတ်၏လို့” မဃဒေဝမှာဆိုပေတာကိုးနော့။ ရေးချက်တွေက “သေ” လောက်တယ်။   […]