black chawJune 8, 20121min52367
အီဂျစ်သမ္မတဟောင်း မူဘာရတ် ကို ထောင်ဒဏ်တစ်သက် အပြစ်ပေးလိုက်ပြီ။ အီဂျစ်ပြည်သူတို့ အောင်ပွဲခံကြသည် ဆိုပါလား။ မြန်မာပြည်သူတွေလည်း အီဂျစ်ပြည်သူတွေကိုကြည့်ပြီး အားကျနေကြပါ၏။ ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်မှ ပြန်လည်ရောက်ရှိပြီ။ အောင်မြင်သောခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်း သတင်းများက ဆိုပါ၏။ ကမ္ဘာ့ခေါင်းဆောင်များအကြား အမေစု၏ ပါဝါကို ထင်ထင်ရှားရှားမြင်ကြရပါသည်။ မကြာမီ နောက်ထပ်ပြည်ပခရီးစဉ် ရှိနေပါသေး၏။ ထိုခရီးစဉ်အတွင်း မြန်မာနိုင်ငံသားတစ်ယောက်အနေနှင့် ပထမဆုံးရရှိသော နိုဘယ်လ်ဆုကို လက်ခံရယူပါလိမ့်မည်။ သမ္မတကြီး ဦးသိန်းစိန် ၏ ထိုင်းနိုင်ငံခရီးစဉ် ဖျက်သိမ်းလိုက်ပါသည်။ မည်သည့်အတွက်ကြောင့်ဆိုတာတော့ သေသေချာချာ မသိကြရပါ။ ထိုင်းဝန်ကြီးချုပ် ရင်လတ်ကတော့ ထိုင်း-မြန်မာ ချစ်ကြည်ရေးအတွက် စိုးရိမ်မိကြောင်းပြောရှာပါ၏။ လွှတ်တော်ထဲမှ တပ်မတော်သား ၂၅ ရာခိုင်နှုန်းအား တစ်ချိန်ချိန်တွင် လျှော့ချနိုင်ခြေရှိကြောင်း မြန်မာကာကွယ်ရေး ဝန်ကြီးကပြောပါ၏။ ပြည်သူရွေးချယ်သော ဒီမိုကရေစီအစိုးရစစ်စစ် ပေါ်ပေါက်လာတော့မည်ပေါ့။ တောင်ကုတ် တွင် […]


black chawJanuary 28, 20121min39846
မန်းဂဇက်မှ ကျွန်တော်လေးစားသူများ စာရင်းတွင် ကိုကြောင်ကြီး နှင့် ကိုသစ်မင်းတို့သည် ရှေ့ဆုံးမှာ ရှိပါသည်။ ကိုကြောင်ကြီးကိုလည်း မရှိမဖြစ်ကြောင်ကြီး ဆိုသည့် နာမည်ဖြင့်လည်းကောင်း၊ ကိုသစ်မင်းကိုလည်း များများပေး၍ များများရသူ သစ်မင်း ဆိုသည့် နာမည်ဖြင့်လည်းကောင်း ဂုဏ်ပြုသည့်ပို့စ်လေးတွေ ရေးပေးခဲ့တာ အားလုံးအသိဖြစ်ပါသည်။ ဟိုတစ်နေ့က ကိုသစ်မင်းပို့စ်မှ စတင်၍ ကြောင်ကြီးနှင့် ကိုသစ်မင်းတို့ ပဋိပက္ခ ပုံစံဖြစ်လာသည့်အခါ ကျွန်တော် အကြီးအကျယ်ဖီလင် ဖြစ်မိပါသည်။ ဘေးမှလည်း မီးစတစ်ခုကို ဝိုင်းငြှိမ်းရမည့်အစား ပိုလောင်အောင် ဝိုင်းပြီး လေတိုက်ကြပါသည်။ ကိုကြောင်ကြီး နှင့် ကိုသစ်မင်း တို့သည် မန်းဂဇက် ၏ အမာခံတိုက်စစ်မှူး နှစ်ယောက်လည်း ဖြစ်သဖြင့် အပေးအယူ မျှမျှ ဖြင့် ဂိုးတွေသွင်းသလို ပို့စ်ကောင်းကောင်းလေးတွေလည်း ထွက်လာခဲ့ဘူးပါသည်။ ၁။ ကိုကြောင်သို့….. (၁) […]