ဖိုးသီးချိုဆိုတာလူတစ်ယောက်နာမည်မဟုတ်ပါဘူး ။ ကျွန်တော်တို့သံတွဲမြို့ကို ၂၄ နာရီ မီးပေးနေတဲ့ ကုမ္ပဏီတစ်ခုနာမည်ပါ ။ ဖိုးသီးချိုကမီးပေးလာတာ ခုဆိုရင် ၄ လကျော်ခဲ့ပါပြီ ။ ဒါပေမယ့် ခုလက်ရှိအချိန်မှာတော့ ဖိုးသီးချိုရဲ့မီးအလင်းရောင်က သံတွဲမြို့ပေါ်နေရာတော်တော်များများမှာ မရောက်ရှိနိုင်တာကိုတော့ ဝမ်းနည်းဖွယ်မြင်တွေ့နေရပါတယ် ။ ချစ်ကောင်းလဘက်ရည်ဆိုင်ရှေ့ ဈေးကြီးဘေးက လမ်းမှာလည်း မှောင်မိုက်နေပါတယ် ။ ပြီးတော့ မြို့နယ်ခန်းမနောက်ဘက် ၊ ဈေးပတ်လမ်း ၊ တောင်ပိုင်းရပ် ၊ လ.၀.က ရုံးရှေ့ ရတနာလမ်းတစ်လျှောက် နဲ့ နေရာအတော်များများမှာလဲ ညဘက်တွေမှာ လမ်းမီးတိုင်တွေ မီးမလင်းတာကိုတွေ့နေရပါတယ် ။ နောက်တစ်ခုကတော့ မီတာခကိစ္စတွေပါ ။ မီတာထိမ်းသိမ်းစောင့်ရှောက်ခ ၁၀၀ဝ ထပ်ပြီးတိုးမြှင့်ကောက်ခံနေပါတယ် ။ အဲဒီကိစ္စကို မြို့မှာရှိတဲ့ ရပ်မိ ၊ ရပ်ဘ ဆိုတဲ့သူတွေကတော့ သဘောတူတယ်ပြောပါတယ် […]