ဂ်ဲသုSeptember 14, 20111min540
ကျွန်တော် မနေ.ညက အောင်လံ စာပေဟောပြောပွဲအခွေနားထောင်ဖြစ်ပါတယ်။ အဲဒီထဲက ဆရာမောင်သာချိုု (သို.) ဆရာဂျက် (ကွမ်းခြံကုန်း) ရဲ.ဟောပြောချက်လေးကို ပြန်ဖောက်သည်ချချင်လို.ပါ။ ကျွန်တော်တို.မြန်မာပြည်မှာ သယံဇာတအင်မတန်ပေါ ပါတယ်။ ကျွန်းသစ်၊ ရေနံ၊ ကျောက်စိမ်း၊ ပတ္တမြား၊ စသည်ဖြင့်ပေ့ါ။ အဲဒီထဲက သဘာဝဓာတ်ငွေ.ကို နိုင်ငံထဲမှာ သုံးတာပိုနေလို.လား မသုံးတတ်လို.လား။ ငွေလိုနေလို.လားတော့မသိ ။နိုင်ငံခြားကိုရောင်းစားနေရပါတယ်။ ရောင်းတော့ ဘယ်လောက်ရလဲဆိုတော့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ရပါတယ်တဲ့။ ၉ ဘီလီယံဆိုတော့ မြန်မာငွေနဲ့တွက်ကြည့်ရင် ဘယ်လောက်ရလဲ။ ကျွန်တော်တို.နိုင်ငံမှာ နိုင်ငံသားဦးရေ သန်းခြောက်ဆယ်ရှိပါတယ်။အဲဒီ သဘာဝဓာတ်ငွေ.ရောင်းလို.ရတဲ့ငွေတွေကို လူဦးရေနဲ့ စားရင်တစ်ယောက်ဘယ်လောက်ရမလဲ။ ဦးစံရှားရဲ.မိတ်ဆွေများ တွက်ပေးကြပါဦး။