ကဗျာဆရာ ကလင့် (မန္တလေး)ရေးထားတဲ့ အလွမ်းစာလေးကို ပြန်မျှဝေပေးတာပါခင်ဗျာ                                    ကမာ္ဘရပ်ဝန်းငယ်ရဲ့ မျက်ရည်ပင်လယ်သွန်းမှုထဲမှာ                          စာရေးဆရာစိုးအောင် (မန ္တလေး) ရှိနေတယ်…   ကိုစိုးအောင် ….. ကျွန်တော်ပြန်ခဲ့တဲ့ တောင်တန်းရှည်လျားမှုတွေထဲ တားဆီးမရအောင်ကျခဲ့တဲ့ မျက်ရည်တွေဟာ ကမာ္ဘတည်သရွေ့ သက္ကရာဇ်တွေ နောက်ပြန်မသွားသရွေ့ မမေ့ခြင်းပုံရိပ်အသွင် တည်ရှိကျန်ရစ်နေမှာပါ ။       ။   ကိုစိုးအောင် ….. ကျွန်တော် စာပေဝိုင်းက အိမ်ပြန်ညတွေတိုင်း အမြဲတမ်းလိုက်ပို့ခဲ့သူ အခုတော့ ကိုစိုးအောင်ရေ … ကျွန်တော်အိမ်ပြန်ညတွေမှာ ရောက်ရာအရပ်ကနေ လိုက်ပို့နေဦးမှာလား ။       ။   ကိုစိုးအောင် ….. အတိတ်က ကျန်ရစ်ခဲ့တဲ့ ရက်စွဲတွေကို […]