Yin Nyine NwayAugust 21, 20101min1264
မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်ထမင်းစားနေကြသည်ဖြစ်ရာ ထမင်းစားပြီး ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။ (၁) ဆေးလိပ်မသောက်ပါနှင့်။ ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမ်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက် ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။ (၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။ ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက ထမ်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့် သည်။ (၃)လက်ဖက်ရည်မသောက်ပါနှင့်။ လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၎င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန် အခက်ခဲဖြစ်စေသည်။ (၄) သင့်၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။ ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ဝမ်းအတွင်းရှိ အူကိုခေါက်စေသည်။ (၅) ရေမချိုးပါနှင့်။ ထမ်းစားပြီးရေချိုးခြင်းသည် လက်များ၊ […]