moonpoemFebruary 23, 20141min25420
မင်းဒီနေရာမှာ ဧည့်သည်တွေဖိနပ်ကို မပျောက်အောင် စောင့်ဖို့နေရစ်ခဲ့လိုက်။ငါသူတို့ကိုရှင်းပြဖို ့ ဘုရားပေါ်သွားပြီနော်။ ခံရခက်သော ခံစားမှုတစ်ခု ဖြစ်ပါသည်။ စကားလုံးတိုင်းသည် ရင်ကိုလာရောက်ထိမှန်၏။ကျွန်မUFLမှ၃နှစ်ဂျပန်စာသင်ယူခဲ့ခြင်းသည် လည်းကောင်း တိုးဂိုက်သင်တန်းတက်ရောက ်အောင်မြင်ခဲ့ခြင်းသည် လည်းကောင်း ဘုရားတွင် ဖိနပ်စောင့်ဖို့ ရည်ရွယ်ခဲ့ခြင်း မဟုတ်တာတော့ သေချာသည်။ ထိုဖြစ်ရပ်သည် ၂၀၀၉ကဖြစ်၏။ ယခုအချိန်လိုခရီးသွားတွေအုန်းအုန်းထအောင် လာသေးသော အချိန်အခါမဟုတ်သဖြင့် ဂိုက်ပေါက်စတစ်ယောက်သည် အလုပ်ဝင်ခါစတွင် တိုးတစ်ခုစလိုက်ဖိုု့ထက် စီနီယာတစ်ယောက်နောက်ကလိုက်ရျ် ပညာသင်ရပါသည်။ ပြီးမှလေယာဉ်အကြိုအပို့ချိန်များ တွင်ဧည့်သည်ကို လိုက်ပို့ရင်း စကားပြောကျင့်ရသည်။ကျင့်သားရတော့မှသာ ရန်ကုန်မြို့တွင်းတိုးများ နောက်မှနယ်သွားရသည့်တိုးများစလိုက်ရပြီး လူဦးရေနည်းသည့်တိုးများ။ ထိုမှတဆင့်လူဦးရေများသည့်တိုးများစသဖြင့် တက်ရခြင်းဖြစ်၏။ အခုကတော့ ဘာမှမဘာရသေးခင် စီနီယာတစ်ယောက်၏ ဦးချိုးမှုကို ခံရခြင်း။ တိုးလုပ်ငန်းခွင်ထဲတွင် စဝင်ဝင်ချင်း ပညာသင်ပေးသော စီနီယာများရှိသကဲ့သို့ တစ်နေကုန် ထမင်းမကျွေးဘဲ ပစ်ထားသော စီနီယာအချို့၏ အနိုင်ကျင့်ခြင်းများ ကားသမားများ၏ အော်ခြင်းဟောက်ခြင်းများကို […]