နွယ်ပင်July 27, 20121min36023
ဒါကတော့ နာနတ်သီးနဲ အသီးအရွက်တွေ လှီးထားတာပါ … ကြော်ပြီးသွားတဲ့ နာနတ်သီး ဝက်သား ချိုချဉ်ကြော်ပါ …. တစ်နေ့နေ့ အိမ်ရှင်မတစ်ယောက် အနေနဲ့ ဘာဟင်းချက်ရမလဲ ဘယ်လိုဟင်းလေး ချက်ရင်ကောင်းမလဲဆိုုပြီး စဉ်းစားရတာကလည်း အလုပ်တစ်ခုလိုပါပဲ … ဒါနဲ့ အခုတစ်လော နာနတ်သီးလေးတွေပေါလာတာနဲ့ လုပ်မစားဖြစ်တာကြာပြီဖြစ်တဲ့ နာနတ်သီး ဝက်သား ချိုချဉ်ကြော်လေး လုပ်စားဖို့ စဉ်းစားမိသွားတယ် . ဒီဟင်းလေးက လုပ်စားရတာလည်းလွယ်ကူပြီး ထမင်းနဲ့ပဲစားစား ဒီအတိုင်းလေးပဲ စားစား စားလို့ကောင်းတဲ့အတွက် ရွာသူားတွေအတွက် တင်ပြပေးလိုက်ပါတယ် ။ ပထမဦးဆုံး ဝက်သားကို ဆား၊ ဆနွင်းနယ်တဲ့အထဲ သကြားလေးပါ အနည်းငယ်ထည့်ပြီး ပြုတ်ပေးပါ ။ ဝက်သားပြုတ်နေတုန်းမှာ ပါဝင်တဲ့ အသီးအရွက်တွေကို လှီးချွတ်ထားပါတယ် ။ ဝက်သားပြုတ်အိုးက ရပြီဆိုရင်တော့ ဝက်သားကို အနေတော် […]