weiweiFebruary 25, 20131min62424
ဒီကနေ့ တပို့တွဲလပြည့်နေ့မှာ ထမနဲနဲ့ဆွမ်းတော်ကပ်ရအောင်လို့ မနေ့က အဖိတ်နေ့မှာ ထမနဲထိုးဖြစ်ပါတယ် … မိသားစုအားလုံး ဝဝလင်လင်စားရအောင် ကိုယ်တိုင်ထိုးကြမယ်ဆိုပြီး စီစဉ်ကြပါတယ်။ ကောက်ညှင်းဆန်တစ်ပြည်ထိုးမယ်ဆိုပြီး ထိုးနည်းတွေလေ့လာကြည့်တယ် … လုပ်တတ်တဲ့သူတွေကိုလဲ မေးကြည့်ပါတယ်။ ခပ်ဆင်ဆင်တွေပေမယ့် မတူကြတာတွေ့ရတယ်။ နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ် လုပ်ချင်သလိုလုပ်မယ်စိတ်ကူးပြီး ကောက်ညှင်းဆန်ကို ၄ လုံးစီခွဲပြီး နည်းလမ်းတစ်မျိုးစီနဲ့ ၂ မျိုး စမ်းသပ်ကြည့်ပါတယ်။ ပထမနည်းလမ်း ကောက်ညှင်းဆန် (၄) လုံးအတွက် အုန်းသီးခပ်ရင့်ရင့်တစ်ခြမ်းစာကို ခြစ်ထားပါတယ်။ မြေပဲဆန် နို့ဆီဗူး တစ်ဗူးစာကို တစ်ဝက်ကို ခပ်ညက်ညက်ထောင်းပြီး တစ်ဝက်ကို လေးစိပ်ကွဲ ထောင်းပါတယ်။ နှမ်းအဖြူ + နှမ်းအနက် က နို့ဆီဗူး တစ်ဗူးစာပါ။ ဂျင်း ၁ဝ သားခန့်ကို အခွံနွှာပြီး အချောင်းသေးသေးလေးတွေဖြစ်အောင် လှီးရပါတယ်။ ဆား […]