Flash Player ကိုလူတိုင်းသိကြမှာပါ … online media တွေကို ကြည့်ရှုတဲ့အခါမှာ ဒီ Flash player မရှိရင် မဖြစ်ပါဘူး …. ဒီကောင်ကတော်တော်ဒုက္ခ ပေးပါတယ် … oline ကနေ Adobe flash playerတိုက်ရိုက် update လုပ်တဲ့အခါမှာ အဆင်မပြေတာတွေအများကြီး ရှိပါတယ် …. ဒါကလည်း မြန်မာပြည် အင်တာနက်ကြောင့်ပါ…. ကျွန်တော် update လုပ်တဲ့အချိန်တိုင်း တဝက်တပျက် ပြတ်သွားတာချည်းပဲ … တစ်ခါတစ်လေ လိုင်းတော်တော်ကောင်းရင်တော့ update လုပ်လို့ရပါတယ် … ဒါပေမယ့် ရှာရင်း အခုတင်ပေးထားတဲ့ ဖိုင်လေးကိုသုံးလိုက်တာ တော်တော်အဆင်ပြေတယ်ဗျ … ဒါကြောင့်မို့ ကျွန်တော်တို့ရွာထဲကလူတွေလဲ အလွယ်တကူ သုံးလို့ရအောင် ပြန် share ပေးလိုက်ပါတယ် …. […]


ကျွန်တော်တို့ ရွာထဲမှာ ဓါတ်ပုံဆရာကြီးတွေအများကြီးရှိတယ်ဆိုတာသိပါတယ် … ဆရာတို့ပြောသလို ကလိဖို့ကလဲ မတတ်တော့ကိုယ့်ဟာကို စမ်းပြီးတော့ ကလိပြီး အတွေ့အကြုံလေးတွေ ကို ဝေမျှလိုက်ရပါတယ် …. တော်တော်များများကတော့ သိပြီးသားဖြစ်မှာပါ …. ဒိပိုစ့်လေးဟာ မသိသေးတဲ့ လူတွေအတွက်ရည်ညွန်းပါတယ်… Facebook သုံးတဲ့သူတွေတော်တော်များများ ကြုံတွေ့ဘူးမှာပါ …. ဓါတ်ပုံတစ်ပုံ တင်လိုက်ပြီ ဆိုရင် တမေ့တမော စောင့်ခဲ့ရတာတွေ …. တဝက်တပျက်နဲ့ ပြတ်သွားတာတွေ …. ကျွန်တော်ကိုယ်တိုင်လဲ ကြုံခဲ့ဖူးပါတယ် …. ကွန်နက်ရှင်ကောင်းရင်တော့ မပြောလိုပါ … သို့သော် ကွန်နက်ရှင် နှေးနေတဲ့ အခါကျရင် တော်တော်ကို စိတ် ရှည်ရပါတယ် …. အဓိကတရားခံကတော့ ဖိုင်ဆိုဒ်ပါ …. ကျွန်တော်တို့ ကင်မရာကနေ ကော်ပီလုပ်လိုက်တဲ့ ဓါတ်ပုံဖိုင်တစ်ဖိုင်ဟာ အနည်းဆုံး 2 […]


တနေ့က ကျွန်တော်တို့ ရပ်ကွက်ထဲက အန်တီကြီး တစ်ယောက် ဖုန်းသွားဝယ်တယ် … ဘယ်သူ ဘယ်လိုညွှန်လိုက်လဲမသိဘူး WCDMA နှစ်လုံးတောင်ဝယ်လာတယ် … handsent က  Nokia 2700 (China) ပုံစံ နဲ့ ထည့်ထားတယ် … ဝယ်ပြီး ညနေပဲ ကျွန်တော့် အိမ်ကို ရောက်ချလာတယ် … သားကြည့်ပေးပါအုံးတဲ့ … ဘာမှလုပ်လို့မရဘူးဆိုပြီး ….ကျွန်တော်လဲ တတ်သလောက် မှတ်သလောက် ဟိုကလိ ဒီကလိပေါ့ … ကျွန်တော်ကြည့်လိုက်တော့ တစ်လုံးက လိုင်း တစ်တုံးပဲမိတယ် … နောက်တစ်လုံးက no network ဆိုပြီးပေါ်နေတယ် … သူ့ကို ပြန်မေးကြည့်တော့ … မြို့ထဲက ဟန်းဆက်ဝယ်တဲ့ဆိုင်က လုပ်ပေးလိုက်တုန်းက ဆက်လို့ရသေးတယ်တဲ့ … မင်္ဂလာဒုံရောက်တော့ […]