moonpoemFebruary 15, 20131min1599
ကျွန်မ မချစ်တတ်တော့ပါဘူး။ ချစ်အောင်လည်း မသင်ယူချင်တော့ပါဘူး။ အပြစ်တင်နေကြမှာလား။ မချစ်တတ်တာ မဟုတ်ပါဘူး။ ဘယ်သူ ့ကိုမှ မချစ်မိအောင် နေတာပါ။ ထာဝရအဆုံးထိ နှုတ်မဆက်ပါကွယ် ထာဝရအဆုံးတိုင်….ကိုယ်တန်ဖိုးထားပါ့မယ်…. မင်းလက်တွေကိုင်ဆုပ်ကာ…အခါခါအထပ်ထပ်ပြောချင်တယ်…ဒီတစ်သက်လုံး….နင်တစ်ယောက်ထဲ….. ချစ်ပါတယ်……… အဲဒီသီချင်းလေးကို နားထောင်ကြည့်ပါလား ကျွန်တော့်ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ …….နဲ ့ပတ်သတ်တဲ့ ခံစားချက်တွေအတွက် သီချင်းလေးက အထောက်အကူဖြစ်မှာပါ။ ကျွန်မတက်ရောက်နေသော အင်္ဂလိပ်စာသင်တန်းကျောင်းအနီးတွင် ရှိသော ကွန်ပျူတာသင်တန်းကိုသူက လာတက်ရင်းမှ ဆုံစည်းခဲ့ကြခြင်းဖြစ်သည်။ သူက ရှမ်းပြည်ဇာတိ၊ မိဘအကြောင်း မောင်နှမတွေအကြောင်း ကျွန်မကိုပြောပြသည်။ အပျော်သက်သက်မဟုတ်၊ ဘဝတစ်ခုလုံး လက်တွဲဖို ့ရည်ရွယ်ထားသည်ဟု ဆိုသည်။ သီချင်းနားထောင်ပြီးသောအခါ ခံစားချက်တစ်ခုကို နားလည်မိသည်။ရင်ခုန်သည်။ လအနည်းငယ်အတွင်းမှာ သူ နဲ ့ကျွန်မ ချစ်သွားကြသည်ပေါ့။အသက်၂ဝပြည့်ခါစ ကောင်မလေး တစ်ယောက်အတွက် အချစ်သည် ဘဝ၊ အချစ်သည်ထာဝရ၊ အချစ်သည် […]