ဗမာျပည္သားDecember 10, 20101min1409
ကျနော့်ရဲ့ကိုယ်တွေ့လေးပါ.. ဘော်ဒါတွေအားလုံး ကို ဒီလိုကြုံကြိုက်လာခဲ့ရင် အလိမ်မခံရအောင် သတိပေးချင်ပါတယ်     .. ဟဲ..ဟဲ..ထီရောင်းသမားတယောက်ရဲ့ ဖန်တီးမူ့လေးတခုပါ..အဲ..အဲ.. ၂ခါတောင်ဆိုတော့ ထီရောင်းသမားက ၂ယောက် ..ဗျ ၂ယောက် ပထမတခါက ပြီးခဲ့တဲ့၄လလောက်က ဗျ.. ဖြစ်ပုံကဒီလိုဗျ… တနေ့ မနက်ရနာရီလောက်ကြီး ဖုန်းလာတယ်..အိမ်ကကြိုးဖုန်းကိုခေါ်တာဗျ..အဲဒါနဲ့ထကိုင်လိုက်တော့.. `ဟလို´.. `အော်..ဒီ..ဖုန်း က(……တိုင်း) ဘယ်နယ်ကလဲမသိဘူးနော်..တဲ့ ဒါနဲ့ကျနော်လဲ..ပြောပြလိုက်တယ်.. `အော်.ဒီလိုပါ..ကျနော်က (……..ထီဆိုင်ကြီးကပါ)  အကိုအောင်ဘာလေထီထိုးသေးလား .. `အော်..ဟုတ်ကဲ့ ထိုးတယ်..ခင်ဗျ´..( ကျနော်လဲ ထိုးထားတဲ့ထီ ပေါက်လို့ အကြောင်းကြားတာလို့ထင်ပြီး ရင်ထဲ.ဒိန်း ခနဲခုန်သွားတယ်) ´ကျနော်တို့ကိုစားလှယ် တယောက်က ပြီးခဲ့တဲ့လ ကံစမ်းပွဲမှာ အကို့ဖုန်းနံပါတ်နဲ့ ..ကံစမ်းပေးထားတယ် ဗျ..အဲဒါ အကို့ဖုန်းနံပါတ်နဲ့မဲပေါက်လို့အကြောင်းကြားတာပါ ..အကို့နံမယ်ဘယ်လိုခေါ်လဲ´ ဒါနဲ့ကျနော်လဲ..ပြောပြလိုက်တယ်.. ´အဲဒါ ..အကို ဘာဆုပေါက်လဲ သိရအောင်ကျနော်တို့ မန်နေဂျာ(……)ဖုန်းနံပါတ်(…….)ကိုပြန်ခေါ်လိုက်ပါ..´ (ဟာ..မဲပေါက်တယ်တဲ့..ပိုင်တာပဲ…)ဆိုပြီး […]