ဦးအောင်တို့ငယ်ငယ်တုန်းက – ၄ ကို ဂုံညင်းဒိုးကစားနည်းကို ရေးချင်ခဲ့တာပါ။ ခုပတ်ဝန်းကျင်မှာလည်း အဲ့သည်ကစားနည်းဟာ ရှားပါးလာခဲ့ပြီလေ။ ဂုံညင်းဒိုးဆိုတာတောင် ကလေးတွေမေးရင် မြင်ဖူးပါ့မလားမသိ။ ဦးအောင်တို့ငယ်ငယ်တုန်းက နေစောင်းလို့ လူစုမိပြီဆို အိမ်တစ်အိမ်ကတစ်ယောက်ကို ထိုင်ခုံ တစ်လုံးစီ ထုတ်ရင်း ဆော့ကြတော့တာပဲ။ ဂုံညင်းဒိုးကတော့ ကိုယ်ပိုင် ဂုံညင်းဒိုးရှိမှသာ ကစားလို့ကောင်းမှာပါ။   ဂုံညင်းဒိုးကစားနည်းကို ရေးချင်ပေမယ့် ဂုံညင်းဒိုးအစစ်နဲ့ ဓာတ်ပုံနှင့်တကွ ဦးအောင်ကိုယ်တိုင် ဆော့ပြရေးပြချင်တာရယ်။ ပြီးတော့ ပြီးခဲ့တဲ့အပတ်က ပန်းကမ္ဘာထဲချာချာလည်သွားတာကတစ်ကြောင်း ခုလာမယ့် ပိတ်ရက်မှသာ အကောင်အထည်ဖော်နိုင်တော့မှာမို့။ ဦးအောင်တို့ ငယ်ငယ်တုန်းက – ၄ ကို ငယ်ငယ်ကတည်းကနေ အခုချိန်ထိ မမေ့နိုင်သေးတဲ့ ထုတ်စီးတိုးတမ်းကိုပဲ ဖော်ပြပေးလိုက်ပါတယ်။   ထုပ်စီးတိုးတမ်း ကစားနည်းမှာတော့ အဖွဲ့နှစ်ဖွဲ့ကနေ အဖွဲ့အများကြီးကစားလို့ရပါတယ်။ ရှုံးထွက် ကစားလို့ရတာပေါ့။ […]