ခ်စ္ရင္ထူး IINovember 23, 20111min25317
နိုဝင်ဘာ၂၂ရက်၊ည ၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ ဝါယာလတ် ပေါက်ကုန်းရပ်ကွက် အပိုင်(၁၀)မဥူသက လမ်း၊ အိမ်နံပါတ်(၂၀၁) ကိုထွန်းလှ+မဘိုမတို့၏နေအိမ်တွင် နံနက်ခင်း၁ဝနာရီခွဲခန့်က နေပြည်တော်မှ ရန်ကုန်မြို့သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပင့်ဆောင်လာသော ဂေါတမဗုဒ၏စွယ်တော်မြတ်ပုံတော် ထူးဆန်းစွာ ပေါ်ပေါက်လာကြောင်းသိရှိရ သည်။ ဖြစ်ပျက်ပုံမှာ အဆိုပါအိမ်ပိုင်ရှင် မဘိုမသည် ည(၈)နာရီတွင် MRTV-4မှထုတ်လွှင့်ရာတွင် တရုတ်ပြည်မှပင့်ဆောင်လာသည့် ဗုဒစွယ်တော်အား တီဗွီဖန်သားပြင်မှ ဖူးမျှော်ရစဉ် ကိုယ်တိုင်အနီးကပ်ဖူးမျှော်ချင်သည့်ဟု စိတ်ထဲမှ ဆုတောင်းခဲ့သည်ဟု ဆိုသည်။ ထိုသို့ ဆုတောင်းပြီးခဲ့ပြီးနောက် နေအိမ်ရှိ ဘုရားစင်မှ ပန်း၊ဆီမီး၊အမွှေးတိုင်၊ ရေချမ်း စသည်တို့အားလုံး အသစ်လဲလှယ်ခဲ့ကြောင်း၊ ထိုသို့လဲလှယ်အပြီးတွင် မီးခဏပျက်သွားခဲ့သည်။ မီးပြန်လာချိန်၊ ည(၉)နာရီခန့်တွင် ဘုရားစင်အားရုတ် တရတ်အမှတ်မထင် ကြည့်မိရာ သူမကပ်ထားသည့် သောက်တော်ရေခွက်ထဲတွင် ဗုဒစွယ်တော်နှင့် တထေရာတည်း တူနေသည့် စွယ်တော်ပုံ ထူးဆန်းစွာ ပေါ်ပေါက်နေသည်ကို […]