ဂေဇက် စုပေါင်းကုသိုလ် ပန်းတနော်၊ အစုကြီးကျေးရွာ သီတဂူ သုမေဓာဆေးရုံ အလှူခရီးမှ ပြန်လာခဲ့ပြီး နောက်တနေ့ ရန်ကုန်မြို့မှာ ဘုရားဖူး၊ လည်ပတ်ရင်း တွေ့ခဲ့တဲ့ ထူးထူးဆန်းဆန်း တွေ့ခဲ့ရတဲ့ မြန်မာ့ ရှေးဟောင်း ဒဏ္ဍာရီလာ အစိမ်းရောင် လူ့ဘီလူးကြီး ဟော့ခ်၊ အစ်ကိုကာလသားများ တွေ့ဖူးမြင်ဖူး ချင်နေတဲ့ ရေသူမ နဲ့ ခေါင်းနှစ်လုံး၊ အတောင် နှစ်ဖက်၊ ခြေခြောက်ချောင်း၊ အကြေးခွံ အထူကြီးလည်းရှိတဲ့ လိုခိပ် သတ္တဝါပုံကို ရွာသူရွာသားများ ဗဟုသုတ အလို့ငှာ ဝေမျှလိုက်ပါတယ်..   မန်းဂေဇက် ရွာမိတ်ဆွေတွေ ပြုံးပျော်နိုင်ကြပါစေ ခင်မင်စွာဖြင့် ရွာစားကျော်