manawphyulayFebruary 6, 20111min18613
မြန်မာ အမျိုးသမီးများဟာ အာရှတိုက် တစ်ခုလုံးမှာရှိကြတဲ့ တခြား ဘယ်နိုင်ငံက အမျိုးသမီးများနဲ့မှ မတူတဲ့ ထူးခြားသူတွေ ဖြစ်ပါတယ်။ အာရှနိုင်ငံ အားလုံးလိုလိုမှာ အမျိုးသမီးများဟာ လူရာသွင်း မခံကြရပါဘူး။ ဒုတိယ တန်းစား လူသတ္တဝါများ အဖြစ် အနှိမ်ခံနေရာကချည့် နောက်ဖေးခန်းနဲ့ မီးဖိုချောင်မှာပဲ နေခွင့် ရကြပါတယ်။ တချို့ နိုင်ငံများဆိုရင် မိန်းမများကို “ကလေး မွေးတဲ့စက်” လောက်ပဲ သဘောထားပြီး ကလေးမမွေး နိုင်ရင် ယောက်ျားက နောက်မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက် ယူလေတော့ မယားနေရာက အဆင့် လျောကျပြီး မီးဖိုချောင်ထဲမှာပဲ အခိုင်းအစေ အဖြစ်နေကြ ရပါတော့တယ်။ တချို့နိုင်ငံမှာဆို သမီးမိန်းကလေးမွေးလာ မွေးပြီးပြီးခြင်း သတ်လိုက်တဲ့ ခေတ်ကာလတွေတောင် ရှိခဲ့ပါတယ်။ မသတ်လို့ အသက်ရှင်နေရလည်း ၉ နှစ် […]