မြသဲ ( 17082011 )March 23, 20121min15021
ဒီနေ့ကျွန်မ သူငယ်ချင်းခေါ်လို့ လသာလမ်းစာစစ်ရုံးကိုလိုက်သွားပါတယ်။ ပထမတော့ဘာမှန်းမသိဘူး။ ဒီလိုပဲလိုက်သွားတာ။ သူကပြောတော့ပြောတယ်။ ဆယ်တန်းအောင်လက်မှတ် အခုထိမရသေးလို့တဲ့။ ကျွန်မကလဲကိုယ်နဲ့မှမဆိုင်တာဆိုပြီး အပြင်မှာပဲသူ့ကလေးနဲ့ ကိုယ့်ကလေးထိန်းကျန်ခဲ့တာပေါ့။ နောက်သူထွက် လာတယ်။ ဗုဒ္ဓဟူးနေ့ချိန်းလိုက်ပြန်ပြီတဲ့။ သူကလကုန်ပြန်ရမှာ။ နယ်ကပါ။ ရောက်ကတဲကလာတာ ၂ ခါရှိပြီတဲ့။ ပျောက်နေတယ်ပြောတယ်တဲ့။ ဒါနဲ့ဘာဖြစ်တာ လဲမေးတော့မှ အဲဒီကလေးတွေက ၂၀၁၁ ကတဲက တက္က္ကသိုလ်ဝင်တန်းအောင်ပြီး အောင်လက်မှတ်လျှောက်ထားတာ။ အခုထိမရသေးလို့တဲ့။ ကိုယ်လဲ စပ်စုချင်စိတ်ရယ်၊ မခံချင်စိတ်ရယ်ပေါင်းပြီး ဘာဖြစ်တာလဲစာရွက်ရှာခိုင်းဆိုပြီးရှာခိုင်းတော့ ကလေးတွေအောင်လက်မှတ်လျှောက်ထားတဲ့လျှောက်လွှာကတွေ့ တယ်။ အောင်လက်မှတ်ကအထုပ် လိုက်ပျောက်နေတာ။ ဘယ်ထားမိမှန်းမသိဘူးတဲ့။ ရှာပေးဆိုတော့ရှာထားလိုက်မယ်။ ဗုဒ္ဓဟူးနေ့မှလာတဲ့။ ကျွန်မလဲဒါတော့မဟုတ်ဘူး ငါဘာလုပ်ပေးရမလဲ။ ဝင်ဟောက်ပေးရမလားဆိုတော့ သူက ဟောက်ပေးပါတဲ့။ ဒါပေမဲ့ကျွန်မစဉ်းစားလိုက်တာကဟောက်တာကလွယ်တယ်။ သူတို့ညစ်လိုက်ရင် ကလေးတွေနစ်နာတော့ မယ်။ ငါကခါးကနေဖြတ်ရတာ။ ဘာမှသေချာသိသေးတာမဟုတ်ဘူး။ နင်ဖုန်းနံပါတ်တောင်းခဲ့ဆိုပြီးပြန်လာခဲ့တယ်။ ဒါပေမဲ့သူတို့ ဝန်ထမ်းတွေကြားအောင်တော့ နင်အဆင်မပြေရင်ပြော ငါကတိုင်မှာလို့ […]