ဆူးJanuary 30, 20132min29619
မြစ်ကျဉ်း ကလေး ကို ကျော်ဖြတ်လာ လိုက်မယ် ဆိုရင်.. ဆက်လက် မြင်တွေ့ရမှာကတော့.. ကျောက်နံရံမှာ ဘယ်ခေတ် အခါတည်းက ထွင်းထု ထားတဲ့ ဘုရားဆင်းတုလည်းတော့ မသိပါဘူး။ ရခိုင် မြောက်ဦး ဘက်က ဘုရားဆင်းတု ပုံစုံတွေ နဲ့တော့ ခပ်ဆင်ဆင် လို့ ခံစားမိပါတယ်။ ထင်တာ ပြောတာမို့ လွဲနိုင်ပါတယ်။         အကောက်တောင် သို့ သွားရာ လမ်း တလျှောက်မှာ ရှိသော ကျောက်နံရံ ထွင်းထု ပူဇော်ထားတဲ့ ဘုရားဆင်းတုများကို ယခုကဲ့သို့ များပြားစွာ မြင်တွေရမှာ ဖြစ်ပါတယ်။ နောက်ပိုစ်မှာတော့ အကောက်တောင်ပေါ်မှာ ရှိတဲ့ ရွှေမြင်တင် စေတီတော် ကို ခရိးဆက်တဲ့ ပုံလေးတွေ ဆက်လက်ပြသွားမှာ ဖြစ်ပါတယ်။ […]


ဆူးJanuary 29, 20132min35528
ဧရာဝတီမြစ်မှာ မြစ်ကျဉ်း ၄ခု ရှိပါတယ်။ ၄ခုမြောက် မြစ်ကျဉ်းကို ရောက်ရှိခဲ့ပါတယ်။ ပြည်မြို့ကနေ ထုံးဘို ကို ကား ၂နာရီလောက် စီးပြီးတဲ့ အခါ ထုံးဘို မြို့ကို ရောက်ရှိပါတယ်။ ထုံးဘို မြို့မှ မြစ်ဆိပ်မှ စက်လှေစီးပြီး အကောက်တောင်သို့ ခရိးဆက်ခဲ့ပါတယ်။ အဲ့ဒီမှာ စတုတ္ထမြစ်ကျဉ်း နားက ဖြတ်မောင်းပြီး အကောင်တောင်သို့ ရောက်ရှိပါတယ်။ ကျောက်တောင် အငူကလေး ထိုးထွက်နေတဲ့ အတွက် မြစ်ကျဉ်းသွားရခြင်းဖြစ်ပါတယ်။ မြစ်ကျဉ်း အငူ ကျောက်တောင် အပေါ်ကနေ နေလုံးနီနီ ထွက်ပြူလာတာကိုလည်း အမှတ်တရ မှတ်တမ်းယူခဲ့ပါတယ်။ မြစ်ကျဉ်းကို ကျော်ဖြတ်ရင်းနဲ့ ဘေးပတ်ဝန်းကျင် မနက်ရှုခင်း မှုံပြပြ အချိန်အခါ တောင်ခိုးတွေ နဲ့ အေးစိမ့်နေတဲ့ ရှုခင်းလေးတွေလည်း မှတ်တမ်းယူခဲ့ပါသေးတယ်။ ရွာထဲက ဓါတ်ပုံဆရာတွေ […]


ဆူးJanuary 29, 20131min29118
ထုံးဘိုမြို့ ကိုတော့ ရန်ကုန်ပြည် လမ်းမ အတိုင်း မောင်နှင်လာပြီး ပြည်မြို့မှ တောင်ဂုတ်လမ်းခွဲ အတိုင်း နဝဒေး တံတား ကိုဖြတ်ကာ ဆက်လက်မောင်းနှင်ပြီး ထုံးဘို လမ်းခွဲ အရောက်မှာတော့ ထုံဘို မြို့ သို့ ဆက်လက်မောင်းနှင်လျှင်ဖြင့် သခင်မြရဲ့ မွေးရပ်မြေ ကို ရောက်ရှိမှာ ဖြစ်ပါတယ်။   သခင်မြ မွေးရပ်မြေ ဆိုတဲ့ ဆိုင်းဘုတ်ကို ထင်ထင်ရှားရှား တွေ့မြင်ရပြီး ထုံးဘို ဈေးမှာတော့ ဒေသထွက်ကုန်တွေ အလွန်ပေါများလှပါတယ်။ မြစ်ဆိပ်မှာ သင်္ဘောစီးပြီး အကောက်တောင် ကို သွားတဲ့ လမ်းတထောက်နား မြို့ဖြစ်ပါတယ်။ အကောက်တောင် သွားတဲ့ လမ်းက ရှုခင်းပုံတွေ ကိုတော့ နောက်ပိုစ်တခုမှ ရေးပေးပါမယ်။   ထုံးဘိုမြို့ မြစ်ဆိပ်မှာ ထုံးဘို ဈေးရှိပါတယ်။ […]