ဆ = နှိုင်းဆခြင်း ၊ ချင့်ချိန်ခြင်း ။ ရာ = လျှာထားခြင်း ၊ တိုင်းတာခြင်း ၊ အကဲဖြတ်ခြင်း ။ ဆရာ = ကိုယ်ကျိုးမငဲ့ဘဲ တစ်ပါးသူတို့ကို သင်ပြခြင်း ။ ဆာယာ= တပည့်များအပေါ် အမြဲတမ်းအေးမြမှု အရိပ်ပေးလေ့ ရှိခြင်း ဟူသော တင်စားမှု ၊ ဖွဲ့ဆိုမှုတို့ဖြင့် ဆရာတို့၏ ဂုဏ်အပေါင်းသည် ဝေဖြာဆဲ ၊ ပျံ့လွင့်ဆဲရှိ၏ ။ ယင်း ဂုဏ်ထူးဝိသေသနတို့သည် ထိုက်တန်သူတို့သာလျှင် ရရှိခြင်းဖြစ်၏ ။ လောက သဘောတရားသည် ချီးမြောက်ထိုက်သူတို့အား ချီးမြောက်လေ့ ရှိ၏ ။ မိမိ လုပ်နိုင်လျှင် လုပ်နိုင်သလောက် ရရှိစမြဲ ဖြစ်၏ ။ များများလုပ်နိုင်လျှင် များများရ၏ ။ […]