ဆူးApril 28, 20112min21819
  “ဒက္ခိဏ” ဆိုသည်မှာ ပါဠိစကားဖြစ်ပြီး မြန်မာဘာသာအားဖြင့် “တောင်အရပ်” ဟုအဓိပ္ပာယ်ရ၏ ။ “သာခါ” ဆိုသည်မှာလည်း ပါဠိဝေါဟာရပင်ဖြစ်ပြီး “သစ်ကိုင်း” ဟုအဓိပ္ပာယ်ရ၏။ ထို့ကြောင့် “ဒက္ခိဏသာခါ” ဟူသည် “တောင်အရပ်မှသစ်ကိုင်း” ဟု ခေါ်ဆိုရမည်ဖြစ်၏ ။ လွယ်လွယ်ကူကူမှတ်လျှင် “ဗောဓိတောင်ကိုင်း” ဟုဆိုနိုင်၏ ။ ထို“ဗောဓိတောင်ကိုင်း” ကိုပင် “အာဒိလဒ္ဒနာမ” အားဖြင့် “ဒက္ခိဏသာခါ” ဟုပင်ခေါ်ကြ၏ ။ ထိုတောင်ကိုင်းသားကို ဘုရားထုထား၍ “ဒက္ခိဏသာခါ”  ဘုရားဟု ခေါ်ခြင်းဖြစ်၏ ။   ဤတွင် ပါရမီသုံးဆယ်ကို အသက်ပါအသေခံ၍ ဖြည့်ဆည်းခဲ့သည့်အတွက် အလောင်းတော်များဘုရားဖြစ်သည့်အခါပြုလုပ်ခဲ့သော ကုသိုလ်များသည် အစွမ်းကုန်အကျိုးပေးကြသည်ဖြစ်၍ လူ့လောက၌သာမက နတ်ဗြဟ္မာများ ထက် ဘုရားရှင်က အသပ္ပာယ်ဆုံးဟု ကျမ်းဂန်များကဆို၏ ။ ပါရမီကုသိုလ် များသည် နောက်ထပ်အကျိုးပေးစရာ […]