etoneFebruary 25, 20111min1535
ပျောက်သွားလို့ ပြန်တင်ထားတာ 🙁 လှိုင်သာယာက ဘုန်းကြီးတစ်ပါးနဲ့ စကားလက်စုံကျတုန်း ဘုန်းကြီး ပြောပြခဲ့သော ကိုယ်တွေ့ အဖြစ်ပျက်တစ်ချို့နဲ့ ၊ ရယ်စရာလေးများ အကြောင်းကို ရွာသူ၊ရွာသားများ သိစေရန်ရေးထားတာပါ… ။ ဘုန်းကြီးက သက်တော်ငါးဆယ်ရှစ်နှစ်ပါ ။ ဝါတော်ကတော့ ၁၂ နှစ်ပါတဲ့ … ။ မိခင်ကြီး မသေဆုံးမီ ဘုန်းကြီးဝတ်နှင့် မြင်ချင်သည်ဟုပြောသောကြောင့် မိခင်ဆန္ဒအတိုင်း တစ်ပတ်ဝတ်မည် ရည်ရွယ်ပြီး သာသနာ့ဘောင် ဝင်ခဲ့ရာမှ မိခင်ဆုံးပါးသွားချိန် အမိမဲ့သား ရေနည်းငါးဖြစ်နေချိန်က အစပြုပြီး ရာသက်ပန်ဘုန်းကြီးဝတ်မည်ဟု သံဓိဌာန်ချထားသူလည်း ဖြစ်ပါတယ် ။ မိခင်အိုကြီကို လုပ်ကျွေးရသူဖြစ်ပြီး ၊ အိမ်ယာထူထောင်ခြင်း မရှိခဲ့သော လူပျိုကြီးသည် ယခုအခါ သာသနာ့ဘောင် ၌ ပျော်မွေ့နေပါတယ် …။ အမျိုးများသည် အညာတွင်သာ ရှိသည်ဟု […]