Khaing KhaingJuly 11, 20121min19672
ကိုကိုနဲ့ကျွန်မ ချစ်ခဲ့တာ လေးနှစ်ကြာခဲ့ပါပြီ …….. လုပ်ငန်းတူချင်း အိုးချင်းထားအိုးချင်းထိဆိုသလို အလုပ်တွေ့ပြီးချစ်ခဲ့ကြတာပါ …….နှစ်ယောက်လုံးကအလုပ်ကိုယ်စီနဲ့ဆိုတော့ အိမ်ထောင်ကြရင် မိဘဆီက လက်ဖြန့်မတောင်းပဲ မိမိတို့ဘဝမိမိတို့ထူထောင်ချင်တော့ လစာလေးတွေကို ဖဲ့ဖဲ့စုခဲ့ကြတာပေ့ါ ……… ဒီနှစ်ဝါကျွတ်ရင်မင်္ဂလာဆောင်မှာဆိုတော့ ကိုယ့်အိုးနဲ့ကိုယ်ဆန် တန်အောင် တော့စဉ်းစားပြီး မင်္ဂလာခန်းမကို နှစ်ယောက်သား စုံစမ်းကြပါတယ် ……. နှစ်ယောက်သားစုထားတဲ့ ပိုက်ဆံလေးနဲ့ သူများတွေလို Trader Sedona တို့လိုနေရာမျိုးတွေတော့ မကပ်နိုင်ဘူးလေ …….. ဒါနဲ့ဘုန်းကြီးကျောင်းလိုနေရာမျိုကို စဉ်းစားမိတယ် အဲဒီနေရာတွေက ဧည့်ပရိတ်သတ်တွေလည်း ဝဝလင်လင်ကျွေးမွေးနိုင်တယ်လို့ စိတ်ကူးမိတယ် ဒါနဲ့ သံဒိသုခ မဟာစည်စတဲ့နေရာမျိုးတွေမှာဆောင်ချင်တယ် နံမည်ရှိပြီးသား ဘုန်းကြီးကျောင်းတွေလည်းဖြစ်တော့ ဧည့်သည်တွေလာရင် သိပ်ပြီးထူးထူးထွေထွေနေရာစုံစမ်း စရာမလိုတော့ပြန်ဘူးလေ ….. ကျွန်မတို့နှစ်ယောက်နေမယ့် အိမ်နဲ့လည်းနီး ဧပြီလောက်ကမှ သူငယ်ချင်းတစ်ယောက်က အဲနေရာမှာ ဆောင်ထားတော့ ကျွန်မလည်း သူငယ်ချင်းရဲ့အကြံဉာဏ်နဲ့ သူမဆောင်တဲ့ဘုန်းကြီးကျောင်းကိုပဲ […]