manawphyulayMarch 13, 20111min662
အငိုနဲ့စ လူ့ဘဝဝယ် ကျင်လည်ဝန်းကျင် ပျော်ရွှင်သမျှ ကာလနီဂုံး ငိုရဦးမည်။ တဲ့၊(အမည်မသိစာဆို) နောက်တစ်ခုက- ဘဝဆိုတာဧည့်သည်ပါ လာတုန်းကလည်း တစ်ယောက်တည်းနော် လက်တွဲခေါ်ကာ ဖော်မပါဘူး။ ပြန်သွားတော့လည်း တစ်ယောက်တည်းနော် လက်တွဲခေါ်ကာ ဖော်မပါဘူး။ လာပြီးတော့နား ပြန်မသွားခင် ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ် နှောင်ကြိုးသွယ်ကြ ပြုံးရယ်နဲ့ငို မလိုဒေါသ လိုလောဘဖြင့် ဘဝဇာတ်ခုံ ကကြိုးစုံအောင် နေဝင်မိုးချုပ် သုတ်သုတ်နှင်ကာ တို့လျင်ဧည့်သည်ပါတကား..။ မင်းကွန်းဆရာတော်ဘုရားကြီး ပညာရှင်များက လူဘဝကို အမျိုးမျိုးဖွင့်ဆိုကြ၏။ ထိုတွင် မင်းကွန်းဆရာတော်ဘုရားကြီးကား “ဘဝဆိုတာဧည့်သည်ပါ´´ဟုဖွင့်ဆိုခဲ့ပါသည်။ သီတဂူဆရာတော်ကား “ဘဝဆိုတာအလုပ် လုပ်ခြင်းပါပဲ´´ဟုဖွင့်ဆိုခဲ့၏။ ဆရာတော်ကြီးများသည် မိမိတို့ဖွင့်ဆိုခဲ့ကြသည့်အတိုင်း လုပ်ဆောင်ခဲ့ကြ၏။ ဘဝနဲ့ပတ်သက်၍ လယ်တီဆရာတော်ဘုရားကြီး၏အမြင်ကား ဤသို့ဖြစ်ပါသည်—“ငါတို့ဖြစ်ရ၊ ဤလောကကာား၊ ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏။ ´´ဟုဖွင့်ဆိုခဲ့ပါသည်။ ဟုတ်ပါသည်။ မြတ်စွာဘုရားရှင်ကလည်း“လူ့ဘဝဆိုတာ ဒုက္ခနဲ့စတင်ပြီးဒုက္ခနဲ့အဆုံး သတ်ရတဲ့ဘဝတစ်ခုပါ´´မိန့်တော်မူခဲ့၏။ ဘဝနဲ့စပ်လျဉ်း၍ […]