kaiNovember 24, 201026min1000
ဒိုင်ယာလော့ခ်နှင့် မြန်မာပြည် ပြည်တွင်းရေး ပဋိပက္ခ (intra-state conflict) တွေမှာ ဖြစ်ဖြစ်၊ နိုင်ငံအချင်းချင်းအကြားမှာ ဖြစ်ပွားတဲ့ ပဋိပက္ခ (inter-state conflict) တွေမှာပဲဖြစ်ဖြစ် ဒိုင်ယာလော့ခ်ဆိုတဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကို ပဋိပက္ခဖြေရှင်းရေးနည်းလမ်း တခုအနေနဲ့ အသုံးပြုလေ့ရှိကြပါတယ်။ နိုင်ငံရေးအယူအဆကွဲပြားမှု၊ လူမျိုးရေး ကွဲပြားမှု၊ ဘာသာရေး အယူဝါဒ ကွဲပြားမှု စတာတွေကနေ ပဋိပက္ခတွေ ဖြစ်ပွားလာတဲ့အခါ တဘက်နဲ့တဘက် ရန်သူလို သဘောထားလာကြတဲ့ ပဋိပက္ခ ဝန်းကျင်အတွင်းမှာ တူညီတဲ့ ဘုံသဘောထားတွေ ရှာဖွေဖို့နဲ့ ကွဲပြားခြားနားမှုတွေအကြား ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ ဒိုင်ယာလော့ခ်တွေ ပြုလုပ်ကြရပါတယ်။ ဒိုင်ယာလော့ခ်တွေ ပြုလုပ်ရင်းနဲ့ ပဋိပက္ခဖြစ်ပွားရတဲ့ အခြေခံ အကြောင်းရင်းတွေထဲက လိုအပ်ချက် (needs) တွေနဲ့ အကျိုးစီးပွား (interests) တွေကို ဖော်ထုတ်ပြီး ပဋိပက္ခမဟုတ်တဲ့ တခြား […]