alinsettDecember 1, 20143min25016
    အခုလို အေးစက်လာတဲ့ နှင်းတို့ရဲ့ရာသီထဲမှာပဲ ကိုယ့်ရင်ခွင်အတွင်းမှာ အပြတ်ခုတ်ထွင်ရှင်းလင်းထားတဲ့ သစ်ပင်တချို ့ ပြန် ပေါက်ဖွားလာတယ်။     ကောင်းကင်ပေါ်မှာ ကြယ်တွေ လတွေကို တင်းတင်းရင်းရင်း မြင်ရချိန်ဖြစ်နေလို့ပဲလား ?   ဒါမှမဟုတ် နွေးထွေးစွာ ရင်ခုန်လှုပ်ရှားစေတဲ့ အထိနဲ့ အတွေ့တွေကို အရေးတကြီးလိုအပ်လာချိန်မို့လို့များလား ?   သေချာတာကတော့ သေသေချာချာ အငုတ်တွေ အမြစ်တွေကိုပါ ဆွဲနှုတ်ခဲ့ပြီးပြီလို့ ယုံကြည်ထားတဲ့ အရာတွေ ဘွားခနဲ ပြန် ပေါ်ပေါက်လာခဲ့ပြီ။   စိတ်ရှုပ်ဖွယ် ကောင်းလေစွ။ ထို့အပြင် တပြိုက်နက်ထဲမှာပဲ တပ်မက်သာယာဖွယ် ကောင်းလေစွ။   အေးလေ. . . ဘာဖြစ်လဲကွာ။ လူငယ်တစ်ယောက်က သူ ချစ်မြတ်တွယ်တာခဲ့ဖူးတဲ့ မိန်းမလှလေးတစ်ယောက်ကို ပြန် […]