MgMobileDecember 10, 20121min22139
အာလုံးပဲ မင်္ဂလာပါခင်ဗျာ။ ရွာရဲ့အမှတ်ပေး စနစ်နဲ့ ပတ်သတ်လို့ နည်းနည်း တင်ပြစရာရှိပါတယ်။ ပို့စ်အတွက် အမှတ်ပေးတယ် ဆိုတာလူတိုင်းသိပြီးသားဖြစ်မှာပါ။ အခုကျနော် တင်ပြလိုတာကတော့ အချို့ အချို့သော ကွန်မန်းများသည် ပို့စ်များထက် ပိုမိုဗဟုသုတ ရစေသလို ပိုထက်သာလွန်ကောင်းမွန်တာလေးတွေရှိပါတယ်။ တစ်ချို့သောကွန်မန်းများမှာတော့ ပုံတော်သလိုပါပဲ။ အဲ့ဒီလို ရှိတဲ့အတွက် + နဲ့ – ဆိုပြီး ကွန်မန်းမှာရှိတာလေးနဲ့ တောင်းဆိုလိုပါတယ်။ + ဘယ်လောက်ရပါက အဲ့ဒီကွန်မန်းကို အမှတ်သတ်မှတ် ပေးစေလိုသလို – ဘယ်လောက်ရပါက အဲ့ဒီကွန်မန်း ပိုင်ရှင်ကို အမှတ်နှုတ်စေလိုပါတယ်။ အဲ့ဒီလိုသာလုပ်မည်ဆိုပါက ကွန်မန်းများ ရေးသားသောအခါ ပေါ့ပျက်ပျက် ပြီးစလွယ်ရေးမှာမဟုတ်တော့ပါ။ လေးလေးနက်နက် စဉ်းစားပြီး ရေးသားလာကြမည်ဖြစ်တဲ့အတွက် ရပ်အကျိုးရွာ ဆထက်တပိုး တိုးစေဖို့ အကျိုးမျော်၍  နှိုးဆော်ဆန္ဒ ပြလိုက်ရပါကြောင်း . . […]