manawphyulayJanuary 15, 20141min1096
ဒီကနေ့ ပြာသိုလပြည့်နေ့ ဆိုတော့ မမေ့သင့်တဲ့ နေ့လေးတစ်နေ့ဖြစ်တဲ့ အမေများနေ့ ကျရောက်နေပါလား။ အမေ…. မေမေ… ဘယ်လိုပဲ ခေါ်ခေါ် သားသမီးတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မြင့်မိုရ်တောင်ကြီးပါပဲ။ မနက်မိုးလင်းထဲက သမီးအလုပ်သွားဖို့အတွက် ပြင်ဆင်ပေးတဲ့ မေမေ့ပုံရိပ်ကတော့ သမီးရဲ့ ရင်ထဲ အမြဲစွဲထင်လျှက်ပါပဲ မေမေ။ ဒီကဗျာလေးနဲ့ မေမေ့ကို ဂါရဝပြုလိုက်ပါရစေရှင်။ လွန်တာမိရင် မာတာအဟံဝန္ဒာမိပါ အမေ အမေဆိုတာ သားသမီးများအတွက် မျှဝေခံစား သက်ဖူးအကာ လက်ဦးဆရာပါအမေ ကျွန်မအမေ အားလုံးရဲ့အမေ အမေမှန်ဘိ၊ ဆင်ခြင်ကြည့်လျှင် မရှိမဖြစ် ခွန်အားဖြစ်ပွား ကြီးကျယ်ခမ်းနား သမုဒ္ဒရာပင်လယ် သားသမီးတို့ရဲ့ ရှေ့ဆောင် ဂုဏ်ရှိန်ဩဇာ စဉ်ထွန်းပြောင် မျက်နှာသာကြည် လရောင်ပမာ အမြဲရွှင်ပြုံး ကောင်းဆိုးကိုပင် ကြံ့ကြံ့ခိုင်၍ မမှောင်အလင်း အရောင်ဆင်းနဲ့ မှားခြင်း မှန်ခြင်း အမြင်ရှင်းအောင် […]