Diamond KeyMarch 28, 20125min62851
ဟိုနားဒီနား ခရီးလေးတွေ သွားရတာကို ကျွန်တော်နှစ်သက်တယ်။ ခရီးသွားရတာက အလုပ်တာဝန်တွေနဲ့ တစ်နေ့တစ်နေ့ ပင်ပန်းနေတဲ့ စိတ်ကို အပန်းပြေစေတယ်။ ဒေသန္တရ ဗဟုသုတတွေ ရတယ်။ ဓါတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ ကျွန်တော်အတွက် ပုံသစ်လေးတွေလည်း ရတယ်လေ။ တစ်နေ့က ကိုပေါက်က ဒီးဒုတ်ရေတံခွန်ရောက်ဖူးလားလို့ မေးပါတယ်။ ဒီးဒုတ်ရေတံခွန် ဆိုတာ မကြားဖူးလို့ ဘယ်နားလဲ ပြန်မေးလိုက်တော့ ရဲရွာရေအားလျှပ်စစ်စက်ရုံ သွားတဲ့ လမ်းမှာတဲ့။ ရုံးပိတ်ရက်မှာ ရွာသားတွေ သွားမယ် လိုက်ခဲ့လို့ ဆိုလာပါတယ်။ ကိုပေါက်ရယ်၊ ဖရဲမရယ်၊ သွားမယ့်နေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် မန္တလေးရောက်လာတဲ့ ရွာသားလေး ကိုထွန်းဝင်းလတ် အပါအဝင် ရွာသားအုပ်စုကို ကိုပေါက်ဦးဆောင်ပြီး ဒီးဒုတ်ရေပြာစမ်းဆီ ချီတက်ကြပါတယ်။ မန္တလေး – ပြင်ဦးလွင်လမ်းအတိုင်း မန္တလေးကနေထွက်ခဲ့တာ ၁၆ မိုင်အလွန် အရောက်မှာ ရဲရွာရေအားလျှပ်စစ်စက်ရုံ […]