ခရီးသွားတစုဟာနွံအိုင်တစ်အိုင်ဆီရောက်လာကြတယ်။ နွံအိုင်နားမှာကရွာတစ်ရွာ။ ရွာကလူတွေကပြောတယ်။ဒီနွံအိုင်ကိုဖြတ်ဖို ့ဆိုရင်သူတို ့ရွာကချ ုပ်တဲ့ဖိနပ်တွေနဲ ့ဖြတ်မှရမယ်တဲ့။ ဖိနပ်တွေကအောက်ခံသားရေသားပြန် ့ပြန် ့ကြီးကြီး၊အထဲမှာလေခိုအိတ်တွေနဲ ့—-ဒီလို နွံတောကိုဖြတ်ဖို ့အသင့်လုပ်ထားတဲ့ပုံ——။ ဟုတ်တယ်။သူတို ့ရဲ ့ရိုးရိုးဖိနပ်တွေနဲ ့ဖြတ်လို ့ကတော့နွံထဲနစ်သွားမှာဘဲ။ သူတို ့သွားမယ့်ခရီး ကလဲဒီနွံအိုင်ကိုကျော်ဖို ့အပြင်အခြားမရှိဘူး။ ဒီတော့. သူတို ့တွေအဲဒီရွာ ကနေဖိနပ်တယောက်တရံစီဝယ်ကြရရော ဆိုပါတော့–_။ ပြီးတော့ အဲဒီဖိနပ်တွေနဲ ့နွံအိုင်ကိုဖြတ်ကြတယ်။ ရွာကလူတွေညွှန်းသလိုပါဘဲ။သူတို ့ဖိနပ်တွေ ဟာနွံအိုင် ကိုဖြတ်ဖို ့တော့. အတော်လေးသင့်တော်ပါပေတယ်။ ကျွံသွားလို ့ကတော့ လူတစ်ကိုယ်လုံးနစ်ပြီး အသက်ပါဆုံးရှုံးနိုင်တဲ့တမျှော်တခေါ်နွံအိုင်ကျယ်ကြီးကိုသူတို ့ဟာ ဖိနပ်တွေအကူအညီနဲ ့ဘေးကင်းရန်ကင်းဖြတ်သန်းနိုင်ခဲ့ပါတယ်။ တဖက်ကမ်းကိုရောက်တဲ့အခါကျတော့မှ ခရီးသွားတွေဟာအသက်ရဲရဲရှူရဲကြတော့တယ်။ ခုန ကတင်းထားတဲ့ မျက်နှာထားတွေ ဟာခုမှဘဲ. ပြေပြေလျှော့လျှော့ဖြစ်လာတယ်။ရှေ ့မှာကုန်းမြေအမာပဲကျန်တော့တယ်။ဒီလိုသဲထိတ်ရင်ဖို ဖြစ်စရာမရှိတော့ဘူး။ ဒါကြောင့်ခရီးသွားသူ အသီးသီးဟာနွံဖြတ်ဖို ့ဝယ်လာတဲ့ဖိနပ်တွေကိုစွန် […]