kaiJune 18, 20113min25424
အောက်က သတင်းဖတ်ပြီး တွေးမိတာလေးပါ..။ လူတွေက.. ဒုစရိုက်အမှုတွေဘာလို့ လုပ်သလဲ…။ လူတွေကပဲ.. ဒါတွေဒါတွေကိုလုပ်ဖြစ်ရင်..  ဒုစရိုက်လို့ သတ်မှတ်အမည်ပေးထားလို့ ဆိုပြီး တွေးကြည့်တာပေ့ါ..။ ဆိုတော့.. ဒုစရိုက်ဖြစ်စေအောင်… ထောက်ပံ့ဖြစ်ပေါ်လာနိုင်တဲ့..ငွေကြေးအရင်းအမြစ်ကို ဖျက်စီး..လိုက်ရင်… ဒုစရိုက်ကို  လူတွေစံနစ်တကျနဲ့..အုပ်စုဖွဲ ့လုပ်နိုင်ပါဦးမလား…။ ဖျက်စီးတယ်ဆိုတာမှာ.. ခြေမှုန်းတာမဟုတ်ပဲ.. အဲဒီခိုးကြောင်ခိုးဝှက်လုပ်ရပြီး.. အဲဒီကနေ အကျိုးအမြတ် ရယူနေတာကို .. တရားဝင်ဖြစ်အောင် ဥပဒေထုတ်ပေးလိုက်တာမျိုးဖက်က စဉ်းစားကြည့်နိုင်တာပေါ့…။ အဲဒီအတွေးလေးပါ…။ အောက်က ဂျင်မီကာတာပြောတာက… တလောက တက်လာတဲ့ သတင်းတခုနဲ့ ဆက်စပ်နေပါတယ်..။ ဂျင်မီကာတာကတော့.. သမ္မတရီဂင်လက်ထက်က… ထုတ်လိုက်တဲ့ ဥပဒေတွေကြောင့် ရာဇဝတ်မှုတွေပိုများလာတယ်လို့ ထောက်ပြတာပါ.။ တလောကတက်လာတဲ့ သတင်းဆိုလိုရင်းက… ဆေးခြောက်အပါအဝင်… မူးယစ်ဆေးတွေ အတိုင်းအတာတခုအထိ.. တရားဝင်ခွင့်ပြုလိုက်ရင်… မူးယစ်ဆေးဝါးဂိုဏ်းတွေလောက တစခန်းရပ်သွားမယ် ဆိုတာပါပဲ..။ http://www.cbsnews.com/stories/2011/06/17/eveningnews/main20072096.shtml   တရားဝင်ဝယ်လို့ရမှတော့… ခိုးကြောင်ခိုးဝှက်ရောင်းဝယ်မှုမရှိတော့တာမို […]