lu ta loneMay 4, 20101min1483
စစ်ရှူံးစဉ်လည်း ဒါနကို မမေ့ မဟာဝင်၌ တွေ့ရသော သီဟိုဠ်မဟာရာဇာတို့တွင် ဒုဋ္ဌဂါမဏိမဟာရာဇာ၏ သာသနာ ကြည်ညိုပုံသည် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်ကို အားအရစေဆုံး အနှစ်သက်စေဆုံး ဖြစ်၏။ ထိုမဟာရာဇာသည် ညီတော် တိဿနှင့် စစ်ဖြစ်၍ စစ်ရှူံးခိုက် မြင်းတစ်စီး၊ အမတ်တစ်ယောက်မျှဖြင့် တိမ်းရှောင်နေရာ တောထဲမှာပင် လွန်စွာ ဆာလောင်နေစဉ် အမတ်၏ တစ်ယောက်စာပွဲတော်ကို (မြင်း၊ အမတ်၊ မိမိတို့အပြင် လှူဖို့ပါ) ၄ စု ခွဲ၍ အလှူခံပုဂ္ဂိုလ်ကို ကြွေးကြော် ပင့်ယူလေသည်။ အလှူခံပုဂ္ဂိုလ်သည် ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြား၍ ကြွရောက်လာသဖြင့် မိမိတို့ဖို့ မှန်းထားသော အဖို့အစုကိုပါ အားလုံး လှူလိုက်ကြလေသည်။ နတ်ရွာစံခါနီး၌ကား မိမိ၏ အလှူတော်စာရင်းကို ဖတ်စေရာဝယ် အခြားသော စေတီတော်ကြီး၊ ကျောင်းတော်ကြီးများ အလှူထက် ဤအလှူကို […]