KingJune 24, 20111min19330
အခုတစ်လော မိုးလေးက အေး နဲ့ …. စာအုပ်ပုံတွေကို ဟိုလှန်ဒီလှန်လုပ်ရင်း စာအုပ်တစ်အုပ်ရဲ့ နောက်ဖက်မှာ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ အတူ ပေါက်ကရတွေ လျှောက်ရေးတာတွေကို ဖတ်ရင်း အတိတ်က ကျောင်းတော်ထဲကို အတွေးတွေ စီးဆင်း သွားခဲ့ပါတယ် ……. ကျောင်းဆိုတဲ့ အတိုင်း စာကိုသိပ်စိတ်မဝင်စားတဲ့ ကျွန်တော်က ဆရာ/မနဲ့လေ ဝေးလေ ပိုကောင်းလေ ဆိုပြီး အတန်းရဲ့ နောက်ဆုံးမှာပဲ ထိုင်လေ့ရှိတယ်ပေ့ါဗျာ (ကျွန်တော့်နောက်မှ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော် မြေပုံတွေ ကိုကပ်ထားတဲ့ ကျောက်သင်ပုန်း …. အဲဒီနောက်မှာတော့ ကျိုးပဲ့ပျက်စီးနေတဲ့ ခုံအပိုင်းအစတွေပဲ ရှိတယ်ပေါ့ဗျာ) …… အော် ပြောရအုန်းမယ်ဗျ ကျွန်တော်တို့ စာသင်ရတဲ့အခန်းက လူ(၂၀၀)ယောက်လောက် စာသင်လို့ရအောင် ကျယ်တဲ့ အခန်းဗျ …. […]


manawphyulayAugust 2, 20101min580
လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ အလုပ်လုပ်ခြင်းဘဲ ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ်တတ်တယ်….. ကိုယ့်ဘဝကိုယ်သိ၊ ကိုယ့်အားကိုယ်ကိုး လဲရင် ပြန်ထ၊ ဒါဘဝဘဲ အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင် ဖြစ်သည် နေသလို မဖြစ်တဲ့ဘဝမှာ ဖြစ်သလို မနေပါနဲ့ လူ့ဘုံဆိုတာ လုံ့လဝီရိယဘုံပါ အစာငတ်ရင် တစ်ခဏ၊ စာငတ်ရင် တစ်ဘဝ ဆုံးရှုံးပြီလေ လုပ်ချင်တာထက် လုပ်သင့်တာလုပ်ဖို့ အရေးကြီးတယ် ရောဂါပြင်းလျှင် ဆေးရှိသည်၊ လူပျင်းလျှင် ဆေးမရှိပါ ဘဝကြိုးဝိုင်းထဲမှာ ဒုက္ခကို ဇွဲနဲ့ အလဲထိုးပါ အပြောနဲ့ ကဲ့ရဲ့တတ်သူကို အလုပ်နဲ့ အနိုင်ယူပါ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု နှစ်ခုရှိတယ်။ အဲဒါက မိဘနဲ့ အချိန်ဘဲ။ ဟုတ်တယ်နော်။ သူငယ်ချင်းတို့ကော ဘာတွေလုပ်နေလဲဟင်…..