winkyawaungOctober 12, 20101min651
မန္တလေးမြို့၊ စာပေလောကမှ စာတည်းချုပ် တက္ကသိုလ်တေဇာလင်း ၏ DHAMMA DIGEST ဓမ္မဒိုင်ဂျက် မဂ္ဂဇင်း အတွဲ(၁) အမှတ်(၂) ကို ၁၃၇၂ ခု၊ သီတင်းကျွတ်လ၊ ၂၀၁ဝ ခု၊ အောက်တိုဘာလ မှာ ထွက်လာကြောင်း သတင်းရရှိခဲ့ပါတယ်။ မဂ္ဂဇင်းနှင့် ပါတ်သက်သော ကဏ္ဍများကို စာဖတ်သူများ၊ စာရေးသူများမှ ဝေဖန်အကြံဉာဏ်ပြုပေးစေလိုကြောင်း ဖိတ်ခေါ်ထားပါတယ်..။ လစဉ်လတိုင်း ဆက်လက်ထုတ်ဝေ ဖြန့်ချိသွားမှာဖြစ်၍ ကြိုတင်အမှာစာများနှင့် စာမူများကိုလည်း အောက်ပါလိပ်စာသို့ ပေးပို့နိုင်ပါကြောင်း သတင်းရရှိပါသည်။ အယ်ဒီတာချုပ် တက္ကသိုလ်တေဇာလင်း စီမံအုပ်ချုပ်ရေးမှူး ဦးစိန်မြင့် (ရွက်လှ) ဓမ္မဒိုင်ဂျက် မဂ္ဂဇင်း အမှတ်(၁၀၁)၊ ၂ရလမ်း နှင့် ၇ရ လမ်းထောင့် ဟေမာဇလရပ်၊ ချမ်းအေးသာဇံမြို့နယ် မန္တလေးမြို့ ။ ဖုန်း ဝ၂-၇၄၁၄၅ E-mail […]


winkyawaungSeptember 22, 20101min934
ဒီ ဓမ္မဒိုင်ဂျက် စာအုပ်ထုတ်ဝေဖို့ ကြော်ငြာထားခဲ့တာ တစ်နှစ်ကျော်ခဲ့ပါသည်။ ယခုတော့ မန္တလေး စာပေလောက မှ အယ်ဒီတာချုပ် အဖြစ် တက္ကသိုလ်တေဇာလင်း ဦးဆောင်၍ အတွဲ(၁) အမှတ်(၁) ကို ၁၃၇၂ ခုနှစ်၊ တော်သလင်းလ။ (စက်တင်ဘာလ၊ ၂၀၁ဝ ခုနှစ်) မှာ စတင်ထွက်လာခဲ့ပါပြီ။ အနယ်နယ် အရပ်ရပ်မှ စာပေပညာရှင် များ၏ စာမူများကို တွေ့မြင်ရပါသည်။ အခြား ပြည်တွင်း၊ ပြည်ပမှ စာပေဝါသနာရှင်များ၊ ပညာရှင်များ၏ စာမူများကိုလည်း ထပ်မံတောင်းခံထားပါသည်။ ဖော်ပြပါ လိပ်စာများသို့ ပေးပို့ဆက်သွယ်နိုင်ကြောင်း သတင်းတိုလေးဖြင့် တင်ပြအပ်ပါသည်။ ကမ္ဘာ့ ထူးခြား သတင်းများ၊ ကာတွန်း၊ ကဗျာ အမျိုးမျိုး တို့ကိုလည်း ရေးသားပေးပို့နိုင်ကြကြောင်း သတင်းရရှိပါသည်။