ဓမ္မာရုံ..။။ မြန်မာလူမျိုးများဟာ  သီလ ဘာဝနာကိုသာ မပွားနိုင်ရင်နေရမယ် အလှူဒါန နဲ့ ပါတ်သက်လို့ကတော့ သိပ် များများ  ပြောစရာ  ဟောစရာမလို ပါဘူး အလှူ ရေစက်လက်နဲမကွာဆိုသလို …. လို့  ပြောရမယ်ဗျ  ““သာဓုပါ သာဓုပါ”” ဆိုပြီး အသံချဲစက်သံ ကြားတာနဲ့  ငါးဆယ် တစ်ရာကတော့ လှူ သွားကြတာပါပဲ အလှူ ခံရတဲ့ အဓိက အကြောင်းရင်းသာမသိရင်နေမယ် တရား သီချင်းခွေလေးနောက်ခံဖွင့်ပြီး ဖလားတစ်လုံးရှေမှာချထားရင် အခံလှူထည့်သွားရမယ်လို့ သိနေကြပြီးသားပါ နည်းတာများတာ ပဒါန မထား ညောင်စေ့လောက်လှူသော်လည်း ညောင်ပင်ကြီးလောက်အကျိုးများတတ်တယ်လို့ မြန်မာအများသိထားကြတယ်လေ……။။။ ရန်ကုန်မြို့ရဲ့  ရပ်ကွက်တော်တော်များများမှာတော့  ဓမ္မာရုံများဟာမရှိမဖြစ်  နိဗ္ပာန်ကိုသွားမယ့် ပထမလှေကားထစ်တွေလို ရှိနေခဲ့ကြတာ ပါပဲ….  ကိုယ့်ရပ်ကွက် မှာဓမ္မာရုံတစ်ခုတည်ဆောက်နိုင်ရင် ကိုယ်ပဲ ရပ်ကွက်သားတွေအနေနဲ့  အလှူအတန်းလုပ်ရာ မှာပဲဖြစ်ဖြစ် […]