koyin sithuJanuary 11, 20121min26217
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန့်မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်နှင့် သိဟောင်း ဖြစ်သော ကိုပီတာဆိုသည့် စိတ်ဝေဒါနရှင်တစ်ဦး ရောက်ရှိလာလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း…. “ဟေ့…မစ္စတာမင်းသိင်္ခ၊ ဂွတ်ဒ်မောနင်း..ဂွတ်ဒ်နိုက်..” ဟု နှုတ်ဆက်လေတော့၏။ “ ကဲပါဗျာ ကိုးရိုးကားယား နှုတ်ဆက်မနေ စမ်းပါနဲ့၊ ခင်ဗျားအတွက် မနက်စာချက်မယ်ဗျ၊ ဘာဟင်းနဲ့ စားမလဲ ပြောစမ်းပါဦး..” ဟု ကျွန်ုပ်ကမေးရာ..“ အရမ်းပြောလို့ တော့မဖြစ်ဘူး ကိုယ့်လူရဲ့၊ အစာလည်းဆေး၊ ဆေးလည်းအစာလို့ ဆိုထားတယ်မဟုတ်လား၊ အဲဒီတော့ ကိုယ်စားတဲ့ အစား အသောက်ဟာ ကိုယ့်အတွက် ဆေးဖြစ်ဖို့တော့လိုတာပေါ့” ဟု ကိုပီတာကြီးက ကျွန်ုပ်အား အတည်ပေါက်နှင့် ပြောနေလေ၏ “ကဲပါဗျာ ခင်ဗျားအတွက် ဆေးဖြစ်မယ့် အစားအသောက်ပဲပြောပါ၊ ကျုပ်က ဈေးသွားရဦးမှာဗျ” ဟု ကျွန်ုပ်က ပြန်၍ […]