ဆူးJune 19, 20111min31129
ဟော ဘကြီးပါလား ခရီးသွားတာပြန်လာပြီပေါ့လေ … အေးဟ ဓာတ်ပေါင်းစု စေတီတွေ ဖူးတယ် ပြီးတော့ ဓာတ်တော်ချိုင့် ရေတံခွန် ကိုလဲ ဝင်သေးတယ် ..အခုတောင် လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီကို ဖူးပြီးဓာတ်လှေခါးက ဆင်းလာခဲတာ လမ်းမှာ ကားက ဓာတ်ဆီဝင်ထည့်ရသေးတယ် အပြန် ဓာတ်တိုင်ကို ဝင်တိုက်မိလို့ ဓာတ်ကျိုးတွေ ပျက်ပါလေရော…. ဒဏ်ရာနဲနဲရလို့ ဓာတ်မှန်ရိုက်ကြည့်တာ ဓာတ်ကင်ရမယ်တဲ့……..အခုတော့ သက်သာနေပါပြီ ဓာတ်ရှင်တောင် သွားကြည့် လိုက်သေးတယ် ဓာတ်ရှင်မင်းသားက ချောလို့လေ…. ဒီမလာခင် ဓာတ်ပြားတချပ် ဓာတ်စက်ထဲထည့်ပြီးနားထောင်ခဲသေးတယ်.မျိုးကြီးရဲ့ ဓာတ်ပြားဟောင်းကြီး.တော်တော်ကောင်းပဲ ဒီကပြန်ရင်တော့လက်နိပ့် ဓာတ်မီးထဲ ထည့်ဖို့ ဓာတ်ခဲ ဝယ်ရအုံးမယ် ပြောသာပြောရတာ ဓာတ်သီးကလဲ ကျွမ်းနေပြီိ…မီးတွေပျက်နေတယ်.အိမ်မှာတော့ ဓာတ်အိုးနဲ့ ဓာတ်ချောင်းပဲသုံးရမယ်ထင်တယ်.. ဟေ့..ဒါနဲ့စကားမစပ် ညီးအစ်မရော ရှိပါ ဘကြီးသောက်ရအောင် ဓာတ်ဗူးထဲ […]