etoneAugust 10, 20101min691
သင့်ဘေးနားမှာ သင်သိပ်ချစ်ရတဲ့ ကောင်မလေးရှိရင် သင့်စကားတစ်ခွန်းကြောင့်ထိခိုက် မှုတွေ မဖြစ်ရလေအောင် ဒီပုံပြင်လေးကို ဖတ်ကြည့်ပါ။ ကျွန်တော် ပန်းစည်း၊ သစ်သီးတွေ နဲ့ စာအုပ်တွေကို ယူပြီး ဆေးရုံကို သွားခဲ့တယ် ။ ကျွန်တော် ဒီဆေးရုံကို လာနေတာ တော်တော်ကြာနေပါပြီ။ ခေါင်းငုံ့ပြီးလမ်းလျှောက်သွားရင်တောင် လူနာခန်းကို ရောက်အောင်သွားနိုင်နေပြီ။ ကျွန်တော် အမြဲလာနေတာပါ။ ကျွန်တော်အမြဲလာနေတဲ့အတွက် လူနာကုတင်ပေါ်မှာလဲနေတဲ့လူနာက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါ။ တံခါးကို တဖြေးဖြေးဖွင့်လိုက်တော့ သူမ အိပ်နေတယ်။ စာအုပ်တွေ ပန်းစည်းတွေကို ထားလိုက်ပြီးတယ်။ စာအုပ်က သူမအတွက် အပျင်းပြေအောင်လို့ပါ။ သူမဒီဆေးရုံကနေ ဆင်းရအုံးမှာမဟုတ်ပါဘူး။ ကျွန်တော် အခန်းအပြင်ဘက်ကို ထွက်လာခဲ့တယ်။ ဧည့်သည်နားနေတဲ့နေရာမှာ ကျွန်တော် သူမနိုးလာတာကို စောင့်နေခဲ့တယ်။ ဖြတ်သွားဖြတ်လာနေတဲ့လူတွေကို ကြည့်ပြီး ငေးငိုင်နေမိတယ်။ ကျွန်တော်ဘာမှမစဉ်းစားပဲ ငေးငိုင်မှသာကျွန်တော် နောင်တတွေနဲ့မခံစားနေရမှာ…. […]