manawphyulayFebruary 15, 20121min872
2012 ဘားကမ့်ရန်ကုန်ပွဲကို တက်ရောက်ခဲ့တာ လူဦးရေ ၅၀၀ဝ ကျော် များပြားလှပါတယ်။ ပွဲမှာ ပြောချင်တဲ့သူတွေ ရင်ဖွင့်စရာ နေရာအဖြစ် အခန်းများ စီစဉ်ထားရှိပေးခြင်းမှာလည်း အတော်ပင် အားရစရာ ကောင်းလှပါတယ်။ ပြည်သူချစ် ဒေါ်စုကလည်း အချိန်မအားမလပ်တဲ့အတွင်း လာရောက်ဖွင့်လှစ်ပြီး လူငယ်များနဲ့ တစ်ရင်းတနှီးပြောကြားသွားခြင်းဖြင့် နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ဆောင်ရွက်ဖို့ အားရှိသွားပါတယ်။ ((တတိယအကြိမ်မြောက်ဘားကမ့်ရန်ကုန်တွင် ပြောကြားခဲ့သောဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပြုမိန် ့ခွန်း ကောက်နှုတ်ချက်)) ဘားကမ့်ရဲ ့ အခြေခံသဘောတရားက အများကနေ လွတ်လပ်စွာနဲ ့ပါဝင်ဆွေးနွေးလို ့ရတယ်။ ကိုယ်သိတဲ့ ဗဟုသုတတွေကိုမျှဝေချင်တယ်။ နောက်ဆုံးအရေးအကြီးဆုံးအချက်က တစ်ဦးနဲ ့တစ်ဦးမျှဝေပေးရမယ်။ ကျွန်မတို ့မြန်မာတွေမှာ စကားပုံတစ်ခုရှိပါတယ်။ ဆရာစားချန်တယ်ဆိုတာလေ။ အမှန်က အဲဒီစိတ်ဓာတ်ကကောင်းတာမဟုတ်ဘူး။ ဒီစိတ်ဓာတ်တွေကို ကျွန်မတို ့ဖယ်ရှားပေးရမယ်။ မီးထွန်းထားတဲ့ ဖယောင်းတိုင်ကနေ တခြားဖယောင်းတိုင်တွေကို […]