ဆူးJanuary 9, 20111min31724
ဒီနေ့မနက်ပိုင်း ဆိုင်းသံ ဗုံသံတွေ တခြိမ်းခြိမ်း ကြားနေရတယ်။ စုံစမ်းကြည့်တော့ ဒီနေ့နဲ့ မနက်ဖြန် နတ်ကန္နားပေးမယ်တဲ့။ ဘယ်လိုများလဲ ထပ်မေးကြည့်တော့.. သေသွားတာ နှစ်လလောက် ရှိမယ် ထင်တယ်။ နတ်ကတော် ခေါင်းဆောင် ဖြစ်ခဲ့ဘူးတယ် သေပြီး နောက်ပိုင်း ခဏခဏ တူမလေးကို ဝင်ပူးပြီး စကားဝင်ပြောလွန်းလို့ နတ်ကတော် အပေါင်းအပါများက အကုန်အကျခံပြီး ကန္နားပေးကြတာပါ။ ကုန်ကျစရိတ်ကတော့ နတ်ကတော် အပေါင်းအပါများ ခံပေးတယ်လို့ သိရတယ်။ ကုန်ကျ စရိတ်က ၁ဝသိန်း ကျော်တယ်လို့ ပြောတယ်။ ဝင်ပူးပြောတုန်းက ရီလည်း ရီရတယ် သနားဖို့လည်း ကောင်းတယ်။ ဘေးအိမ်တွေက ခြောက်လွန်းလို့ မအိပ်ရဲဘူးလို့တောင် ကြားမိတယ်။ ဝင်ပူးပြောတုန်းက သူ့အမ လုပ်သူကို ငါ ၂လုံးပေါက်တာ ၁၀ဝ ဖိုး မဟုတ်ဘူး […]