စစ်ကိုင်းတိုင်း ဒေသကြီး ၊ တန့်ဆည်မြို့ အတွင်း ဗိုက်ကလေး စားသောက်ဆိုင်တွင် မတ်လ (၁၂) ရက်နေ့ က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်၏ ညီ ကြံ့ခိုင်ရေး ကိုုယ်စားလှယ် အမတ် ဦးတင်မြင့် နှင့် မြို့မိမြို့ဖမှ လူကြီးများက NLD လူငယ်ခေါင်းဆောင်များအား ခေါ်ယူကာ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။ ” နိုင်ငံရေး အကြောင်း မင်းတို့နားလည်လို့လား၊ နိုင်ငံရေးဆိုတာဘာလဲ ပြောစမ်းပါအုံး၊ ဒီမိုကရေစီဆိုတာ ဘာလဲ၊ဒီမိုကရေစီ ဆိုတာ သိရင် ရှင်းစမ်းပါအုံး နိုင်ငံရေးဆိုတာ ဘာမှမသိဘဲ လုပ်လို့မရဘူး ငါတို့ကလဲ မပိုင်ရင်ခြင်တောင် မရိုက်ဘူး မင်းတို့ လုပ်လဲ အပိုပဲ အာဏာက တို့လက်ထဲမှာကွ အခုမင်းတို့ တောင်းတဲ့ ဒီမိုကရေစီ ရနေပြီလေ မင်းတို့တောင်းတဲ့ […]