မုေယာSeptember 28, 20121min501
နတ်မိမယ် (၂) ကလျာ မိမုန်း ဒေဝီ ရှုံး လိမ့် စင်းလုံး တင်မဆက် ပြစ်ချက်မဲ့ ၏။ သမီးတော် ဖုရား အငွါးစွင့်စွင့် မာန်လည်းထက်ထက် မြတ်လည်းမြတ်၏။ သက်ထားခင်ခင် ယဉ်သွယ်လှလှ ပပဝတီ မဒ္ဒီ သဘော မနောဖြူဖြူ သာ ယာသံချို ချစ်မူပို၏။ ရစ်ပတ် နှောင်နွယ် ခင်တွယ်သိမ့်သိမ့် စိမ့်စမ်း သွင်သွင်ရင်မှာ မြမြ ထားရတန်ဖိုး သူမ …ဖို့ကို။                                           သုရှင်


မုေယာSeptember 28, 20121min26114
နတ်မိမယ်   မိုးကျမိမယ်၊     နတ်မိမယ်တည်း။ ရွှန်း လဲ့ ဝါ စို  တင့်သည့်ပျိုငယ်…. ရွယ်ရွယ်နုနု     ဖူးဖူးငုံငုံ …………. နှုတ်ခမ်းလှလှ   ပြုံးပြုံးဝေဝေ…….။   မိုးကျမိမယ်၊      နတ်မိမယ်တည်း။ ကျော့ကျော့မူယာ ရှင်းရှင်းသန့်သန့် အိန္ဒြေရှိရှိ  တင့်တင့်တယ်တယ်…… ငြိမ့်ငြိမ့်စကား၊  သာသာတိုးတိုး….. ကြားရသူဖို့ စွဲစွဲထင်ထင်………….။   မိုးကျမိမယ်၊      နတ်မိမယ်တည်း။ ကောင်းကင်ဘုံမှာ နတ်သူဇာလော.. မိုးပေါ်မှာကြီး… နတ်သမီးလော…..     နတ်တို့ဆင်ခြယ် သူယောင်မယ်လော။                                            ချစ်ခြင်း ဖွဲ့သီ……………ကိန္နရီလော။   သုရှင်